((( အသက်ပြင်းတဲ့သေနတ်များ )))
((( အသက်ပြင်းတဲ့သေနတ်များ )))
ပြည်တွင်းစစ်ကြီးကို သီချင်းဟစ်ညည်းဆိုစဉ်
နိုင်ငံကောင်းကင်ရဲ့ မြို့ရိုးတလျှောက်မှာ
ဒိုင်ခံအလောင်းပြင်တဲ့ တို့အမျိုးတယောက်ဟာ
အလောင်းဖြစ်သွားရှာရဲ့
စစ်ထဲသွားလာဆဲမှာ ပစ်လဲသွားတာပဲဗျာ
အခုမှမွေးလာတဲ့သူက သူ့အလုပ်ကို ဆက်လက်ယူလို့
အသက်မဲ့ အုပ်ဂူသို့ အသွင်ပြောင်းနေတဲ့ လူများ
ကျည်ဆံကြားမှာ ပေါ့ပေါ့ပါးပါး သွားသွားလာလာ
သွက်သွက်လက်လက် ခရီးရှည် ရုန်းသွားရတာကလည်း
ရက်ရက်စက်စက် အပြီးသေဆုံးသွားရသလိုပါပဲလေ
လူတွေတိုင်းကို
လူသေအပိုင်ရထားတဲ့ သချိုင်း သုသာန်ထက်ဝယ်
လူတွေအနိုင်ရသွားတဲ့ အရင်းအတိုင်း မြှုပ်နှံခဲ့တယ်
သံထည်သားနဲ့ ပြုလုပ်ထားတဲ့ သေနတ်တွေက မသေတတ်ဘူး
ရန်စွယ်အားနဲ့ စုချုပ်ထားတဲ့ ဘဝတွေက သေသွားကြတယ်
ရန်ငြိုးအပြည့်နဲ့ တအားပရိယာယ်များပြီး
တန်ဖိုးရှိတဲ့ တရားအသိငယ်သွားတဲ့ လူသားတွေဟာ
စစ်ကျန် လူအရိုးခေါင်းတွေကို
ပြတိုက်ထဲထည့်ပြီး အမြတ်တနိုး မကြည့်တတ်ကြဘူး
စစ်ကျန် လက်နက်ဆိုးတွေကို
ပြတိုက်ထဲတည့်ပြီး အမြတ်တနိုး ကြည့်တတ်ကြပါလား
ဟား ဟား ဟား----
ကိုယ့်ညီမငယ်ကို ပြုသွားတဲ့ မုဒိန်းကောင်ဘက်က
ရှေ့နေလိုက်ခဲ့တဲ့ကောင်ဟာ အကိုကြီးလူသားပေါ့ဗျာ
တကယ်လည်း အောင်မြင်ခဲ့ပါရဲ့ (မိုက်တွင်းနက်နက်)။ ။
သုအိုင်စံ
၁၈-၀၉-၂၀၁၅
-

Comments
Post a Comment