((( စပါးပေါ်ချိန်မှာတောင် မခမ်းတဲ့မြစ် )))

((( စပါးပေါ်ချိန်မှာတောင် မခမ်းတဲ့မြစ် )))

စာဝမ်းစာလူဥာဏ်စွမ်း+စာပါရမီနွားအားမာန်နဲ့ ဘဝတနှစ်ပတ်လုံး
စာစကားလုံးနွားရုန်းအား+တွေးခေါ်တဲ့လူ-လယ်ကဗျာကို နွားလိုရုန်း
စာပေလယ်ကွင်းပြင်တခုလုံး စာသုခုမစပါးနှံတွေ ခါးတကုန်းကုန်းနဲ့
လေ့လာအားသုံးခဲ့တဲ့အရင်းအနှီးဟာ ရှေ့မှာခါးကုန်းတဲ့စပါးနှံကဗျာ
တကယ်နွေစပါးတွေပေါ်တဲ့ကဗျာဟာ လယ်သမားတွေပျော်တဲ့ကမ္ဘာ
ဒါပေမဲ့ကွာ ရင်ကို မွမွပျိုးပြီး၊ ဦးနှောက်ကို ဖောက်ထွင်းပြုရတဲ့ကဗျာ
၁၀၀ဖိုး ၃ ပုဒ်၊ ၁၀၀၀ဖိုး ပုဒ် ၃၀၊ ၂၀၀၀ဖိုး ပုဒ် ၆၀၊ ကဗျာတအုပ်ကွာ
ယုတ်မာပါတယ်၊ စောက်ခွက်ကို ခြေထောက်နဲ့ ဖြတ်-ကန်ခံရသလို
ကိုယ့်အလုပ်ကိုယ် ဆက်ရေးပေါ့၊ ကိုယ့်အလုပ်ကိုယ် ဆက်ဖတ်ပေါ့၊
ဘယ်တော့မှ မခမ်းတဲ့မြစ်ဟာ၊ နွေစပါးတွေပေါ်ချိန်ရဲ့ယုံကြည်ကဗျာ။   ။

သုအိုင်စံ
၂၉-၁၀-၂၀၁၆

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))