((( မာန်တက်ကြွရင် ကျန်ခဲ့တတ်တယ် )))

((( မာန်တက်ကြွရင် ကျန်ခဲ့တတ်တယ် )))

၁၂ နာရီမှာ
သံချောင်း ၁၂ ချက် ခေါက်တယ်
မောင်မောင်ဟာ
တစ်ချက်မြောက်တဲ့အသံကနေ စကြားခဲ့
သူ့အသိမှာ အခု ၁၂ နာရီထိုးသွားခဲ့တယ်။

၁၂ နာရီမှာ
သံချောင်း ၁၂ ချက် ခေါက်တယ်
ကိုကိုဟာ
သုံးချက်မြောက်တဲ့အသံကနေ စကြားခဲ့
သူ့အသိမှာ အခု ၃ နာရီထိုးသွားခဲ့တယ်။

၁၂ နာရီမှာ
သံချောင်း ၁၂ ချက် ခေါက်တယ်
ညီညီဟာ
ခြောက်ချက်မြောက်တဲ့အသံကနေ စကြားခဲ့
သူ့အသိမှာ အခု ၆ နာရီထိုးသွားခဲ့တယ်။

သူများ ၁၂ နာရီ ထိုးလို့
ကိုယ် ၁၂ နာရီ လိုက် မထိုးနိုင်တဲ့ကိစ္စ
ကိုယ့်ဘက်က ချွတ်ယွင်းတာဖြစ်ရမယ်

ဗဟုသုတကြွယ်တယ်ဆိုတာ
တစ်ရွာလုံးမှာ
အဆင့် ၁ အတန်းစဉ်လိုက် ရတာ မဟုတ်ဘူး
တစ်ကမ္ဘာလုံးမှာ
အဆင့်ဆင့် အကြမ်းယှဉ်တိုက် ရတာ ဖြစ်တယ်

အာကျယ်လောင်ကာ အတင်း ဂျိုလ် သွေးမကြည့်နဲ့
ကမ္ဘာကျယ်ထောင်မှာ မင်းလို သွေးရှိတဲ့ ဗိုင်းရပ်စ်ချည်းပဲကွာ
ရွာလည်ခေါင်မှာ အဆင်းကို တွေးသိလျှက် သိုင်းက လီးဖြဲကာ
၁၀၉ ၁၁၀ လမ်းသရဲ ထိုပညာသည်တွေဟာ
ဘယ်သူမဆို ဖြစ်နေနိုင်တာ မဟုတ်လား
သေးမွှားလွန်းတဲ့ ဗဟုသုတကို ပိုင်ဆိုင်တာ
ဘေးများလွန်းတဲ့ လူ့ဘဝကို မကိုင်နိုင်ပါ
သူများ ၁၂ နာရီ ထိုးတာနဲ့ ကိုယ် ၁၂ နာရီ ထိုးနေဖို့
လူ့ကမ္ဘာ ခေတ်ဥယာဉ် မြိုင်ထဲသို့ နင်းလျှောက်ကာ
ဗဟုသုတ စစ်တုရင် ပြိုင်နွဲလို့ လင်းတောက်ပါ
မင်းတစ်ယောက်လို သူသူ ကိုယ်ကိုယ်ကောင်တွေ
ဗိုလ်တွေချည်းပဲ ဟေ့ရောင်ရေ...။  ။

သုအိုင်စံ
၁၄-၀၂-၂၀၁၅

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))