((( ရေဒီယို )))

((( ရေဒီယို )))

(၁)
ငါက ရယ်ဒီမိတ် ဆိုပေမဲ့
ခလုပ်ကိုတော့ မင်းနှိပ်ရလိမ့်မယ်
မင့်စိတ်ကြိုက်ချည်းပဲ
ငါလိုက်ပြီးမဖျော်ဖြေနိုင်ဘူး
ငါကိုယ်တိုင်လည်း
ငါ့စိတ်ကြိုက်ဖြစ်တည်ခဲ့ရတာမဟုတ်ဘူး။
ငါ့ကိုမွေးပြီးနောက်
ငါ့ဦးနှောက်ကိုသူတို့ယူသွားတယ်
သူတို့စိတ်ထင်ရာတွေပို့ချပေးတယ်
တချို.အချက်တွေ မင်းကြိုက်ရင်ကြိုက်နေမှာ
နားဆင်ကြည့်
သြော်...သူတို့ဆိုတာ "ရှိပြီးသားလောကဥပဒေ" ကိုပြောတာ။
ဆိုပါတော့....
လူကြိုက်များတဲ့တေးတွေဆိုနေရတယ်
အနှစ်မဲ့ အတင်းအဖျင်းတွေပြောနေရတယ်
နောက်ဆုံးပေါ် ကဘာ့ သတင်းတွေရွတ်နေရတယ်
စင်ပေါ်ကလူတွေရဲ့ အင်တာဗျူးကို အော်ဖတ်ပေးနေရတယ်
မထင်ပေါ်တဲ့ ပစ်စည်းတွေရဲ့ကြော်ငြာကိုလှော်ခပ်ပေးနေရတယ်
အဆိုးဆုံးက
ငါမလုပ်ချင်တဲ့အဲဒါတွေကို
အချိန်ကန့်သတ်မှုနဲ့လုပ်နေရခြင်းပဲ။
ဘယ်လိုလဲ...
သီချင်းတစ်ပိုဒ်ဖြစ်ဖြစ်၊ သတင်းတစ်ပိုဒ်ဖြစ်ဖြစ်
မင့်အကြိုက်နဲ့ ကာရန်သင့်နေပြီလား
အဲဒါပဲ၊ အချစ်ဟာအဲဒီတိုက်ဆိုင်မှုလေးပဲ
(ဥပမာ...ငါစိတ်ကောင်းဝင်နေချိန်မှာ
ရေဒီယိုခလုပ်ကိုနှိပ်မိသွားသလိုပေါ့)

(၂)
ကောင်မလေးရေ...
လောကကတ၀က်ရေး ငါကတ၀က်ရေး
ငါဟာနှစ်ယောက်ပေါင်းရေးတဲ့စာအုပ်တစ်အုပ်ပဲ
ငါ့ရင်ခွင်ကိုစာအုပ်အဖုံးဖွင့်ထားတယ်
မင်းကြိုက်တဲ့ စာသားတွေရှိနိုင်ကောင်းပါရဲ့
ရေဒီယိုတစ်လုံးလိုဘ၀နဲ့ကောင်က
ရေဒီယိုတစ်လုံးလိုမင်းကိုလိုအပ်
ငါတို့တစ်ဦးကိုတစ်ဦးခလုပ်နှိပ်လိုက်တဲ့အခါ...

(၃)
နောက်ဆက်တွဲရေဒီယိုတွေရဲ့အသံဟာ
တလောကလုံးဆူညံနေတော့တာပဲ။ ။

သုအိုင်စံ
၁၉၉၉

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ