((( သစ်လုံးခေါင်းဂီတ )))

((( သစ်လုံးခေါင်းဂီတ )))

သစ်ပင်သေပြီးမှ ကျုပ် ဖြစ်လာခဲ့သလို ကျုပ်စိတ်ကြိုက်
ကျုပ် ဘဝမူရင်းစရိုက်အတိုင်း သီဆိုလို့မရဘူးလား
ဗုံကို နွားသရေကြိုးနဲ့ တုတ်နှောင် ကျပ်စည်းတယ်
နွားသရေပြားကို ပတ်စာနဲ့ ဖိကပ် ချုပ်နှောင်တယ်
ပြီးတော့... ပြောတယ်... ကျုပ် ဆိုလိုက်တဲ့ အသံဟာ
နားဝင်ပီယံငြိမ့်ညောင်းတဲ့ ဂီတ ဖြစ်ပါလေသတဲ့
မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး အဲဒါတွေဟာ
ဗုံတစ်လုံးရဲ့ သဘာဝတန်ဖိုး လွပ်မြောက်ရေးအတွက်
ထောင်ထဲကနေ အော်ဟစ်တောင်းဆိုလိုက်တဲ့ ဗုံတစ်လုံးရဲ့
ယုံကြည်ချက် အားမာန် တော်လှန်တဲ့ ရင်ခုန်သံစဉ် ဖြစ်ပေရဲ့
လူ့ဂီတလောကကြီးက တကယ်ပဲ သိတ္တိရှိနေတယ်ရှိရင်
ကျုပ်ကို ချည်ထားတဲ့ သရေကြိုးတွေကို ဖြည်ဖြုတ်ပေးလိုက်ပါ
ကျုပ်ကို ကပ်ထားတဲ့ ပတ်စာတွေကို ခွာထုတ်ပေးလိုက်ပါ
လူလှိုဏ်ဂူတို့ရဲ့ ရင်တွင်းသွေးလုပ်ဂီတဟာ ဘာ ဖြစ်ကြောင်း
သစ်လုံးခေါင်းတို့ရဲ့ မယ်လိုဒီနဲ့ ခင်ဗျားတို့ကို ပြန် သီဆိုပြမယ်
တောသံ တောင်သံ ငှက်သံ ကျေးလက်သံတွေနဲ့ ဟာမိုနီကျကျ
လူဆန်ရမယ်လိုတော့ ကျုပ် ဘယ်တော့မှ တာဝန် မယူဘူးဗျ
ဗလာဘဝရဲ့ဦးခေါင်းကို ဘာမှ ဆက်မတူးကြရင် ကောင်းမယ်။ ။

သုအိုင်စံ
၁၇-၀၁-၂၀၁၅

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ