((( စာအုပ်စိမ်း )))

((( စာအုပ်စိမ်း )))

နွေဆိုရင်ရေခမ်းတဲ့ ဒေသတွေမှာ
ရေလှောင်ကန် တည်ဆောက်ရန်
လျှပ်စစ်စွမ်းအင် ရှားပါးတဲ့ ဒေသတွေမှာ
လျှပ်စစ်ဓါတ်အားစက်ရုံ တည်ဆာက်ရန်
ဓါတ်ငွေ့ မရသေးသည့် နယ်မြေများတွင်
ဓါတ်ငွေ့ဖြန့်ချီရေးပိုက် တည်ဆောက်ရန်
လမ်းတွေမပေါက်သေးသော ကျေးလက်များတွင်
စံချိန်မှီ ဆက်သွယ်ရေးလမ်းများ တည်ဆောက်ရန်
တည်ဆောက်၊ တည်ဆောက်ရန်၊ တည်ဆောက်ရန်များ
ဘယ်သူမှ မလှန်ဖတ်ကြသေးတဲ့ ထိုစာမျက်နှာများဟာ
အစိုးရတိုင်း ကျော်ဖတ်သွားကြတဲ့ ထိုစာမျက်နှာများဟာ
မတွေ့လက်စနဲ့ ဆက်မေ့ထားတယ် နေ့စဉ်ချောင်ထဲမှာ
ဒါ-ပြည်သူပြည်သားတွေရဲ့ဘဝကို ပုံတူရေးထားတဲ့ကဗျာ
စာသားကို ထမင်းမကျွေးပဲ စာအုပ်ကို အတင်းရေးဆွဲတယ်
လူလည်တွေရဲ့သင်ရိုးစာအုပ်က လူရိုးတွေကို ကျွန်ပြုရန်ဖြစ်
၂၀၀၈ ခုနှစ်မှာ မိစ္ဆာယုတ်သိဠ်ဝင် သိက္ခာစုတ်တင်ခဲ့ပေါ့။ ။

သုအိုင်စံ
၀၇-၀၅-၂၀၁၆
-

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))