((( လူ၏တောင်တရား )))

((( လူ၏တောင်တရား )))

ပတ်လမ်းက
တောင်တစ်ပတ်ပြီးတစ်ပတ်
အထပ်ထပ် အကြိမ်ကြိမ် ပတ်ရမှာ

ဖြတ်လမ်းက
တောင်ထိပ်ကနေ
တောင်အောက်ကို တိုက်ရိုက် ခုန်ချရမှာ

တချို့လူတွေ
ခုန်ချသွားတယ်
တချို့လူတွေ
ပတ်နေတယ်

ခြေလှမ်းဟာ
တောင်လမ်းမှာကပ်နေရ
ဘဝက မလွယ်လှပေမဲ့လည်း
ခက်သလားဟေ့
တက်သွားမယ် ဆက်သွားမယ်
နက်သလားဟေ့
ဆင်းသွားမယ် ရှင်းသွားမယ်

ခြေလှမ်းဟာ တောင်လမ်းမှာရွေ့နေ
ဘဝတွေဟာ
ဆင်းနေတာလား တက်နေတာလား
ခဏနားပြီး ထပ်သွားရန်။   ။

သုအိုင်စံ
၀၉-၀၁-၂၀၁၅

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ