((( အဖြေမဲ့ရူပဗေဒ )))
((( အဖြေမဲ့ရူပဗေဒ )))
လူဗလာအစာအိမ်ထဲက အစာမကြေတဲ့
ဘဝက အားကိုးထားရတဲ့ ပစ္စပ္ပုန်ရိက္ခာ
စိတ်မကြိုက်လည်း ဖြတ်သန်း စားသုံး
မဟူရာကဗျာအိမ်ထဲက စာမကြေတဲ့
ဓမ္မက တရားပိုးစားသွားတဲ့ အလစ်သုတ်ခံမိစ္ဆာ
သိပ်မိုက်ဆဲ ဇတ်လမ်း မှားတုန်း
အသူရာဗလာအိမ်ထဲက ကမ္ဘာမကြေတဲ့
ခဏခဏ အစားထိုးထားရတဲ့ အစစ်ဟုတ်ဟန်သိက္ခာ
အရိပ်လိုက်မြဲ ကပ်လှမ်း ထားဦး
ဆိုကြပါစို့---
နေမင်းအား ရုပ်ထောင်ချ သင့်တယ်လို့ ဆိုရင်
နေမင်းသား လုပ်ဆောင်မှ ဖြစ်မယ်လို့ ကိုယ်ထင်
နေဝတ္တရားများ တကယ်အကုန်အားလုံးပေါ့
နေဝတ်သွားမယ် ယုံထားဦးတော့
နေ ရဲ့ စိတ်ဓါတ်
ဘယ်-အရိပ်မှ-ကျ-မခံခဲ့ဘူး၊
နေ ရဲ့ စိတ်ဓါတ်
ဘယ်-အဆိပ်မှ-ခတ်-မခံခဲ့ဘူး၊
သူ့ လောင်မြိုက်ခြင်းနှိုက် သူကျွမ်း
လူ့ လှောင်တိုင်းတွင်းနှိုက် လူနွမ်း
လောင်ရမ်းမူးနေတဲ့ လူဂျစ်ပစီရဲ့ စိတ်ဓါတ်သည်
ဘလက်အဝဟိုးဆီ ခရီးရွယ်ကာ
ခုတ်မောင်းထွက်ခွာသွားခဲ့ရာ
အမှောင်ထဲမှာ နေရုပ်အလောင်းပဲ ကျန်ခဲ့တာလဲ
-
အရာရာလိုပါပဲ
ဗလာတကာလိုပါပဲ။ ။
သုအိုင်စံ
၂၈-၀၆-၂၀၁၆
-
-
((( အဖြေမဲ့ရူပဗေဒ )))
လူဗလာအစာအိမ်ထဲက အစာမကြေတဲ့
ဘဝက အားကိုးထားရတဲ့ ပစ္စပ္ပုန်ရိက္ခာ
စိတ်မကြိုက်လည်း ဖြတ်သန်း စားသုံး
မဟူရာကဗျာအိမ်ထဲက စာမကြေတဲ့
ဓမ္မက တရားပိုးစားသွားတဲ့ အလစ်သုတ်ခံမိစ္ဆာ
သိပ်မိုက်ဆဲ ဇတ်လမ်း မှားတုန်း
အသူရာဗလာအိမ်ထဲက ကမ္ဘာမကြေတဲ့
ခဏခဏ အစားထိုးထားရတဲ့ အစစ်ဟုတ်ဟန်သိက္ခာ
အရိပ်လိုက်မြဲ ကပ်လှမ်း ထားဦး
ဆိုကြပါစို့---
နေမင်းအား ရုပ်ထောင်ချ သင့်တယ်လို့ ဆိုရင်
နေမင်းသား လုပ်ဆောင်မှ ဖြစ်မယ်လို့ ကိုယ်ထင်
နေဝတ္တရားများ တကယ်အကုန်အားလုံးပေါ့
နေဝတ်သွားမယ် ယုံထားဦးတော့
နေ ရဲ့ စိတ်ဓါတ်
ဘယ်-အရိပ်မှ-ကျ-မခံခဲ့ဘူး၊
နေ ရဲ့ စိတ်ဓါတ်
ဘယ်-အဆိပ်မှ-ခတ်-မခံခဲ့ဘူး၊
သူ့ လောင်မြိုက်ခြင်းနှိုက် သူကျွမ်း
လူ့ လှောင်တိုင်းတွင်းနှိုက် လူနွမ်း
လောင်ရမ်းမူးနေတဲ့ လူဂျစ်ပစီရဲ့ စိတ်ဓါတ်သည်
ဘလက်အဝဟိုးဆီ ခရီးရွယ်ကာ
ခုတ်မောင်းထွက်ခွာသွားခဲ့ရာ
အမှောင်ထဲမှာ နေရုပ်အလောင်းပဲ ကျန်ခဲ့တာလဲ
-
အရာရာလိုပါပဲ
ဗလာတကာလိုပါပဲ။ ။
သုအိုင်စံ
၂၈-၀၆-၂၀၁၆
Comments
Post a Comment