((( မီးလောင်ခြင်း )))
((( မီးလောင်ခြင်း )))
ငါဟာ
လမ်းတွေ အားလုံးကိုကျွမ်းကျင်တဲ့ ပထဝီမြေပုံ
ရှင်နိဒါန်းတွေ အားလုံးကိုကျွမ်းကျင်တဲ့ စောက်ဖုတ်
သေနိဂုံးတွေ အားလုံးကိုကျွမ်းကျင်တဲ့ သချိုင်းအုပ်ဂူ
မာတိကာတွေ အားလုံးကိုကျွမ်းကျင်တဲ့ မင်္ဂလာပါ
ဂွတ်ဘိုင်တွေ အားလုံးကိုကျွမ်းကျင်တဲ့ တိတ်ဆိတ်မှု
အဝေးဆုံးတွေ အားလုံးကိုကျွမ်းကျင်တဲ့ စူပါဂလူး
ကောင်းကင်တွေ အားလုံးကိုကျွမ်းကျင်တဲ့ ရေပြင်
စစ်ပွဲတွေ အားလုံးကိုကျွမ်းကျင်တဲ့ ယမ်းသေနတ်
ငြိမ်းချမ်းရေးတွေ အားလုံးကိုကျွမ်းကျင်တဲ့ အမုန်း
မိဘတွေ အားလုံးကိုကျွမ်းကျင်တဲ့ ကလေးငယ်
ချစ်သူတွေ အားလုံးကိုကျွမ်းကျင်တဲ့ အသဲနှလုံး
အပေါ်/အောက်တွေ အားလုံးကိုကျွမ်းကျင်တဲ့ ၉၀
ဘယ်/ညာတွေ အားလုံးကိုကျွမ်းကျင်တဲ့ ၁၈၀
ပတ်ပတ်လည်တွေ အားလုံးကိုကျွမ်းကျင်တဲ့ ၃၆၀
လူသားတွေ အားလုံးကိုကျွမ်းကျင်တဲ့ ဘုရားသခင်
ဗလာအနိစ္စတွေ အားလုံးကိုကျွမ်းကျင်တဲ့ မသာကိစ္စ
ငါဟာ
ငါကျွမ်းကျင်တာတွေ အားလုံးကိုကျွမ်းကျင်တဲ့ ပြာစ
ဒီမှာ ဟေ့ရောင်....
အလောင်းကို မီးမလောင်တတ်ရင်
အရိုးပြာ မရဘူး။ ။
သုအိုင်စံ
၁၀-၀၈-၂၀၁၆
Comments
Post a Comment