((( ယွန်းစလင်းဘေးမှ စွန်းထင်းသွေးစများ )))

((( ယွန်းစလင်းဘေးမှ စွန်းထင်းသွေးစများ )))

စစ်ထုပ်လုပ်သူတွေဟာ
တရားမစောင့်တဲ့ ရုပ်ဆိုးလှသော အသိအမြင်တွေ
သားတယောက်နဲ့ မုဆိုးမပေါ မိခင်တွေ
အမိုးတဖက်ပျက်နဲ့  ဆက်သင်နေရတဲ့ စာသင်ခန်းတွေ
အဆိုးသက်သက်နဲ့  ဆက်နှင်နေရတဲ့ ရွာဝင်လမ်းတွေ
ထုပ်လုပ်ခဲ့တယ်

စစ်ထုပ်လုပ်သူတွေဟာ
တဖက်ခြေထောက်ရဲ့  ကျိုးပျက်စစ်သားရဲ့ ဘဝများ
အသက်မရှည်လောက်တဲ့ မျိုးဆက်သစ်ဖွားတဲ့ အလှများ
ရန်/ငါ တွဲထားတဲ့ သချိုင်းနဲ့  မြေအောက်ရှိ အရိုးစုများ
ရန်/ငါ ခွဲမခြားတဲ့ နင်းမိုင်းနဲ့  ခြေထောက်၏ အရိုးတုများ
ထုပ်လုပ်ခဲ့တယ်

စစ်ထုပ်လုပ်သူတွေဟာ
အဖြေညှိမရတော့တဲ့ အတွေးများနဲ့  သိထားမှုတွေ
အဖေမရှိကြတော့တဲ့ ကလေးများရဲ့မိသားစုတွေ
ဘယ်သူမှမသုံးကြတော့တဲ့ စစ်ကျန်ရစ်တဲ့ လက်နက်တွေ
ဘယ်သူမှမပြုံးတတ်တော့တဲ့ စစ်ဒဏ်သင့်ခဲ့ မျက်ခွက်တွေ
ထုပ်လုပ်ခဲ့တယ်

စစ်ထုပ်လုပ်သူတွေဟာ
မြို့ ကပြန်မလာကြတဲ့ဆရာအကြောင်းအားမေးနေစဉ် ဖြေသူမဲ့သွား
နို့ ဖြတ်ခံလာရတဲ့ ရွာကျောင်းသားလေးတွေ သင်နေသူမဲ့သွား
မကုသရတဲ့ ရောဂါဘေးဆိုးဝါးနဲ့ မူလစစ်ဒေသရဲ့ငှက်ဖျား
မရှုမလှနဲ့  တောမှာမွေးမျိုးပွားတဲ့ လူကညစ်နေရတဲ့အသက်များ
ထုပ်လုပ်ခဲ့တယ်

စစ်ထုပ်လုပ်သူတွေဟာ
ဘယ်သူ့အလောင်းမှသယ်မပြေးချင်တော့တဲ့လျှောက်မြောင်းတွေ
ဘယ်သူ့အအကြောင်းမှတကယ်မမေးချင်တော့တဲ့နောက်ကြောင်းတွေ
ယူကြုံးမရသော တခါကနင်းပြားတို့ ရဲ့ အိုးအိမ်ဆောင်ပျက်ခြင်းတွေ
လူလုံးမလှသော အနာဂတ်လင်းအားတို့ ရဲ့ ညှိုးမှိန်မှောင်နက်ခြင်းတွေ
ထုပ်လုပ်ခဲ့တယ်

အခု
မနေ့က စစ်ထုပ်လုပ်ခဲ့သူတွေ တိုက်ပွဲမှာကျဆုံး ဘဝသေခဲ့ပြီ
ယနေ့မှ အသစ်အုပ်ချုပ်မဲ့သူတွေ လှိုက်လှဲစွာ ဘဝရုန်းထလေခဲ့ပြီ

တခါက
လောဘစစ်မောအမှောင်တွေ စွန်းထင်းဟောင်းဆိုးခဲ့တဲ့
ဒေါနသစ်တောတောင်ခြေ ယွန်းစလင်းချောင်းရိုးမှာ
လောကသစ်သောအရောင်တွေ ထွန်းလင်းအသစ်ပျိုးခဲ့ပြီ
ရေပြင်ပေါ်ခေတ်နေရောင်ခြည်တလက်လက်
သေချာခဲ့ပြီလား မင့်ငြိမ်းချမ်းရေး
မယုံရဲသေးဘူး ယမ်းသွေးစဒဏ်ရာရှည်ရေ...။ ။

သုအိုင်စံ
၀၅-၀၉-၂၀၁၆

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ