((( စက္ခုသင်္ချာ )))

((( စက္ခုသင်္ချာ )))

ရေထဲမှာ ရေးရေးသာ မြင်လာခဲ့တဲ့
ငါးရဲ့ အကောင် အလေးချိန်နဲ့ အလျှားအရှည်အထိ
လေထဲမှာ အေးဆေးစွာ သင်္ချာတွက်ချက်
အမှားမဲ့အောင် တွေးချိန်တွက်ထားလေ၏

ခြေမှာ အကောင်ကို တအားကုန် ညှပ်လျှက် ညှစ် ညစ်ထားရမယ်
လေမှာ အတောင်ကို တအားကုန် ခပ်လျှက် မြင့် မြင့်သွားရမယ်
ဘဝဆိုတာ မုဆိုးငှက်၏
သားကောင်ကောက်ခြင်းရဲ့ ဥာဏအားပြုထားတဲ့ နည်းတခုပဲ ဖြစ်သလို
ဘဝဆိုတာ အရုပ်ကျိုးပျက်မည့်
အမှားထောင်ချောက်နင်းတဲ့ ကာယမှားမှုများနဲ့ခရီးတခုလည်း ဖြစ်တယ်

ထိုးသုတ်လိုက်တိုင်း သပ်ရပ်စွာ ပျံ သယ် သွားတတ်မှ
ဗိုက်ဆာလိုက်တိုင်း လတ်ဆတ်အစာ အမှန်တကယ် စားရမယ်

ရေထဲက အဝလွန်ပြီး သိပ်အလျားအသွင်ရှည်တဲ့
လောကကြီးရဲ့ရိက္ခာငါးတွေလည်း မကောင်းဘူး
သားကောင်ငါးဟာ ကျကျန်ခဲ့၍ နေမည်

လေထဲက အငတ်လွန်ပြီး သိပ်စားချင်နေတဲ့
လောဘကြီးတဲ့ စိတ်ဟာ များနေလည်း မကောင်းဘူး
မုဆိုးငှက် အငတ်ဒဏ်နဲ့ တွေ့ပေမည်

စားသုံးမဲ့ လောဘကို သေးအောင် လျှော့ထားမှုဟာ
အသားတုံးရဲ့ ပမာနကို မလေးအောင် ပေါ့ပါးမှုဟာ
စက္ခုသင်္ချာမှာ
ဘဝရဲ့ပုံသေနည်းပဲ+ ဘဝအတွက်ဘုံနေနည်းပဲ
မနုဿ ငှက်တွေရေ တခုတ်တရ တွက်ပေတော့   ။

သုအိုင်စံ
၂၉-၁၀-၂၀၁၆

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))