((( ပေါက်ဆီ )))

((( ပေါက်ဆီ )))

ရတနာပုံ ရတနာပုံ
တရုတ်ရောင်စုံစက္ကူ နဲ့
ပတ်ခြုံထားတဲ့ ရတနာပုံ
ပေါက်ဆီပုံ ပေါက်လာပြီ

အလယ်သားမှာ
ဝက်သားနဲ့ ဝီစကီ
အလယ်သားမှာ
တရုတ်နဲ့တိုင်ချီ

အနားသားမှာ
ကျောဗလာနဲ့ဗမာ
အနားသားမှာ
တောကဗျာနဲ့ဒဏ်ရာ

ကျုံးရေစစ်ထဲမှာ
နုံးတွေနစ်နေတာလား
ကျုံးရေစစ်ထဲမှာ
အရှုံးတွေနစ်နေတာလား

ပေါက်ဆီရောင်းသူတွေဟာ
ပေါက်ဆီ ပြန်ဝယ်မစားနိုင်ကြတော့
တစ်ယောက်စီ တစ်ယောက်စီ
ထွက်သွားကြပေါ့
ဘယ်တော့ပြန်လာမလဲပေါ့
ဘယ်တော့မှ ပြန်မလာတော့

အောင်ပင်လယ်ဟိုဘက်က
 တောအုပ်ဟာ
ခေတ်သစ်မဲဇာအရပ်လား
အဲဒီမှာ ကဗျာရေးတဲ့ ဦးဇင်းတစ်ပါး
အမြဲခြင်း တရားကျင့်နေတယ်။   ။

သုအိုင်စံ--- ၀၃-၁၀-၂၀၁၄
(မန္တလေးသို့...ရင်နင့်အလွမ်း)

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ