((( ချုပ်ရိုးပန်းချီ )))
((( ချုပ်ရိုးပန်းချီ )))
လူကြိုက်များတဲ့ သမာဓိချိန်ခွင်ရဲ့
ဘယ်ဘက်မှာ ( ဘဝသက်တမ်း)ကို ထည့်
ညာဘက်မှာ ( ဘဝတန်ဖိုး)ကို ထည့်ပြီး
ချိန်သီးနဲ့ တိုင်း- ယှဉ်ကြည့်လိုက်တဲ့အခါ
ရနေတဲ့ ရလာဒ်ဟာ ဇောက်ထိုးပြနေပေါ့
ဒေါမကန်လိုက်နဲ့လေ--ဖြစ်သမျှ-- မသင့်မြတ်စွာ
ဒီဝဋ်ခါးသီးဟာ မိုးကြမ်းတုန်းအခိုက်မို့
ကနေတဲ့ ပြဇတ်ဟာ စောက်ချိုးက မပြေတော့
လောကဓံရိုက်ချက်တွေ--ညစ်ပတ်-ပစ် ခတ်လာ
ညီညွတ်အားကြီးစွာ ဆိုးသွမ်းတုန်းအခိုက်မို့
ရက်စက်သလို ဟားတိုက်ပြုံးလိုက်ဖို့ပဲ...
ဘဝခါးသီးရေ
အသက်ထွက်သလို ဟားတိုက်ပြုံးလိုက်ဖို့ပဲ---
ငါ့သားကြီးရေ
သေမင်းကို အရက်တိုက်ထားသလိုမျိုး
နေခြင်းကို ဆက်မိုက်သွားဖို့ပဲ လိုတယ်
ကိုယ်ပိုင်ဒဏ်ရာထက် ကိုယ်တိုင်ရန်ရှာလျှက်
ရုပ်ဆိုးခဲ့သည်--
ဒီဘ၀မဟာတော်ဝင်မျိုးကွဲအမှောင် နက်နက်
ချုပ်ရိုးယှက်သီ--
ပန်းချီအလှကဗျာမှော်ရှင်သိုးမဲ တကောင်ကြွက်
-
ညမဆုံးခင် ကြိုးစားဖွင့်ရင်း မြင်ထားတယ်
ဘဝမသုန်းခင် ရိုးသားပွင့်လင်း ရှင်ထားတယ်။ ။
သုနိုင်ငံ
၂၉-၀၁-၂၀၁၆
-
-အပ်ချည်နဲ့
ဘဝပန်းချီကို ဆွဲခဲ့တယ်...
ချုပ်ရိုးများ
ပုတ်သိုးသွားလား...သုသာန်ရေ...။
-
-အပ်ချည်နဲ့
ဘဝပန်းချီကို ဆွဲခဲ့တယ်...
ချုပ်ရိုးများ
ပုတ်သိုးသွားလား...သုသာန်ရေ...။
Comments
Post a Comment