((( လူ၊ ရယ်ဒီမိတ်များနှင့်.....ဖြစ်တည်မှု )))
((( လူ၊ ရယ်ဒီမိတ်များနှင့်.....ဖြစ်တည် မှု )))
သို့.....လောကကြီး
ကျွန်ပ် (လူသားလောင်းလေး) မှ အောက်ပါ ပစ္စည်းများကို ဝယ်ယူအသုံးပြုလိုပါသဖြင့် စနစ်တကျစီစဉ်ပေးထားပါ။ မကြာခင် ဘဝတစ်ခုနှင့် လာရောက်ပေးချေ လက်ခံယူပါမည်။
(၁) အသင့်ပြင်ထားတဲ့ လေထုခပ်သန့်သန့်
(၂) အသင့်ပြင်ထားတဲ့ မိခင်နို့ရည်
(၃) အသင့်ပြင်ထားတဲ့ အမည်နာမတစ်ခု
(၄) အသင့်ပြင်ထားတဲ့ အမှန်တရား*
(၅) အသင့်ပြင်ထားတဲ့ အထင်သေးမှု
(၆) အသင့်ပြင်ထားတဲ့ အတင်းအဖျင်း
(၇) အသင့်ပြင်ထားတဲ့ ပြည်သူပိုင်တံတွေးခွက်
(၈) အသင့်ပြင်ထားတဲ့ ငြိမ်းချမ်းရေးစစ်စစ်*
(၉) အသင့်ပြင်ထားတဲ့ အကြင်နာတရား*
(၁၀) အသင့်ပြင်ထားတဲ့ အပြန်အလှန်လေးစားဆက်ဆံမှု*
(၁၁) အသင့်ပြင်ထားတဲ့ သင်ရိုးညွှန်းတမ်း
(၁၂) အသင့်ပြင်ထားတဲ့ ကောင်မလေးနှုပ်ခမ်း
(၁၃) အသင့်ပြင်ထားတဲ့ ရွေးချယ်ခွင့်
(၁၄) အသင့်ပြင်ထားတဲ့ လွပ်လပ်မှု*
(၁၅) အသင့်ပြင်ထားတဲ့ ဥပဒေ
(၁၆) အသင့်ပြင်ထားတဲ့ လောဘနဲ့အတ္တ
(၁၇) အသင့်ပြင်ထားတဲ့ စော်ကားမှု
(၁၈) အသင့်ပြင်ထားတဲ့ သစ္စာများ
(၁၉) အသင့်ပြင်ထားတဲ့ ယုံကြည်ချက်များ*
(၂၀) အသင့်ပြင်ထားတဲ့ ကမောက်ကမများ
(၂၁) အသင့်ပြင်ထားတဲ့ ချစ်ခြင်းမုန်းခြင်းများ
(၂၂) အသင့်ပြင်ထားတဲ့ လိုလိုမယ်မယ် ဟိုဟာဒီဟာများ။ ။
သို့.....လူသားလောင်းလေး
မှာထားသောပစ္စည်းများ အဆင်ပြေသော်လည်း အထက်စာရင်းပါ (*) ကြယ်ပွင့်ပြထားသော အရာများကို ကျွန်ပ်တို့ ထုပ်လုပ်ရောင်းချခြင်း မပြုနိုင်သေးသဖြင့် ဝမ်းနည်းရပါကြောင်း။ သို့ပါသော်လည်း ယခုလိုလာရောက်အားပေးမည့် လူကြီးမင်းအား လူ့ဘဝတွင် သေချာအသုံးတည့်နိုင်မည့် အောက်ပါပစ္စည်းများအား ကျွန်ပ်တို့လောကကြီးမှ မေတ္တာလက်ဆောင်အဖြစ် ပြင်ဆင်ထားပါသည်။ လာရောက်ပျော်မွေ့နိုင်ပါစေ။
(၁) အသင့်ပြင်ထားတဲ့ မှားယွင်းခွင့်
(၂) အသင့်ပြင်ထားတဲ့ အာဃာတနဲ့စပယ်ရှယ်အမုန်းခပ်များ များ
(၃) အသင့်ပြင်ထားတဲ့ အဆင်သင့်မဖြစ်မှုများ
(၄) အသင့်ပြင်ထားတဲ့ ခေါင်းတလားတစ်လုံး။ ။
သုအိုင်စံ
၂၀၀၀

(၂) အသင့်ပြင်ထားတဲ့ အာဃာတနဲ့စပယ်ရှယ်အမုန်းခပ်များ
(၃) အသင့်ပြင်ထားတဲ့ အဆင်သင့်မဖြစ်မှုများ
(၄) အသင့်ပြင်ထားတဲ့ ခေါင်းတလားတစ်လုံး။ ။
သုအိုင်စံ
Comments
Post a Comment