((( ပြည်သူ့ပန်းခြံ )))
((( ပြည်သူ့ပန်းခြံ )))
ကြိုးညှိရင်း
မိုးလင်းခဲ့တဲ့ဂီတကြိုးညှိရင်း
သံစဉ်သစ်ရှာဖွေရင်း
သီချင်းသစ်တွေမဖြစ်လာခြင်းနဲ့ဂီသီအိုရီကွဲပျက်ခဲ့တဲ့ဂီတ
အာဏာနဲ့ ဆိုးဝါးမှုတွေနဲ့ ပြိုင်စံပြေးနေတဲ့
မြန်မာရဲ့ကြိုးမှားမှုတွေနဲ့ နိုင်င်ငံရေးဂီတ
လူမဆန်သူမဆန်
နိုင်ငံရေးမှာ ငါ့မြင်းငါစိုင်းပြီး မတီးခတ်ပြကြပါနဲ့တော့လား
ကျုပ်တို့နည်းနဲ့ ကျုပ်တို့ဟန်နဲ့
လူဆန်ဆန်သူဆန်ဆန်
မြန်မာ့လွှတ်တော်အရိပ်နဲ့ ဝေးလှမ်းတဲ့အရပ်
နှဲကြီးတစ်လက်နဲ့
ပွဲအပြီးဖျက်ခဲ့သူဂီတတွေ မလာရတဲ့ ဒီဝဋ်ဋက္ကမြေမှာ
ဘာလမ်းစဉ်တွေမှ ပေကျံမနေတဲ့ ဆန္ဒစစ်ဆန္ဒမှန်သံစဉ်တွေပဲ
ပြည်သူ့ပန်းခြံထဲမှာ ဟိန်းလျှံကြည်လင်နေရမယ်...။ ။
Comments
Post a Comment