((( လူကြိုက်များတဲ့အရက်တစ်ပိုင်း )))

((( လူကြိုက်များတဲ့အရက်တစ်ပိုင်း )))

မူတစ်ခုကို ရေးသားတဲ့အသိတရားက ဆွဲခေါ်ပေမဲ့
လူထုကို ပေးထားတဲ့ကတိစကားက လွဲချော်နေခဲ့
အမာခံ အာခံ အမျက်ထွက်သည့် အာဏာရလက်ရှိပါတီ
ပါတီစုံခန်းမထဲမှာ မူးနေတယ်

လူအားနဲ့ ပိုက်ဆံအား အခြေနေမဟန်
မူများပျက် အတိုက်အခံများ ဝေဘန်
အရန်အားမဲ့ရင် အမှန်တရား ပျက်တာပဲလား
ဖဲခိုးပြီး ဆွဲထိုးခံရတဲ့ ဖဲဒိုင်ယာယီလို ငိုမွဲ
မဲခိုးပြီး အလဲထိုးခံရတဲ့ မဲမနိုင်ပါတီဟာ ပြိုကွဲ
ရွေးကောက်ပွဲစရိုက်သဏ္ဍာန်ကို တွေးကြောက်မြဲအတိုက်အခံ
ပါတီစုံခန်းမထဲမှာ မူးနေတယ်

တိုင်းပြည်ထွက်ဘဝမှန်အသိနဲ့ ဈေးရောင်းတယ်....မမြတ်သေးဘူး
သမိုင်းချီလျှက်ရရန်ရှိတဲ့ အကြွေးတောင်းတယ်....မရသေးဘူး
အတွင်းစည်းတုတ်မံထားတဲ့ နိုင်ငံရဲ့ဆည်ရေကာတာ ကျိုးပဲ့
ရင်နှီးမြှုပ်နှံထားတဲ့ နိုင်ငံရဲ့နယ်ပယ်နေရာတကာ ဆိုးတဲ့နိုင်ငံ
ပါတီစုံခန်းမထဲမှာ မူးနေတယ်

ခေတ်မကောင်းတဲ့ နိုင်ငံအသွေးအသားကို ကုစားမဲ့ လမ်းစဉ်နည်းနဲ့
အကျင့်ကောင်းတဲ့ နိုင်ငံရေးသမားတွေ စုသွားလျှက် လမ်းထွင်ခရီးဆက်ဖို့
ရိုးသားတဲ့ ပြည်သူ့ဆန္ဒများအတွက် ကြိုးစားမဲ့ ပြည်သူ့သံအမတ်များရွေးချယ်
ဘဝသန်ရေးအတွက် အငတ်ခံပေးဆက်ထားတယ် ဘဝမှန်သွေးစက်များ
ပါတီစုံခန်းမထဲမှာ မူးနေတယ်

ပါတီစုံဆိုတဲ့ အရက်ပုလင်းထဲမှာ
ပြည်သူပြည်သားဒုက္ခဆိုတဲ့ အရက်ရည်ဟာ
အဆိုးမြင်တတ်ရင် တစ်ဝက် ကုန်သွားပြီ
အကောင်းမြင်တတ်ရင် တစ်ဝက် ကျန်သေးတယ်
ငါတို့အားလုံး မူးနေတယ်

လျှပ်စစ်စွမ်းအား ဆိုတာ အရမ်းရှားလို့
ဘဝသစ်လမ်းများကို ဆိုလာ ယန္တယားဆင်
ထိုနေမသာရင် ဆိုလာယာဉ်လည်း အပိုပါပဲ အရှင်။   ။

သုအိုင်စံ
၀၂.၀၈.၂၀၁၂

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ