((( ခွေးစားခွက် )))

((( ခွေးစားခွက် )))

ရိုးသားတဲ့ တောင်ရတနာဟာ တွင်းမွဲခွက်ကျန် ဖြစ်သွား
ခိုးထားတဲ့ အမှောင်အသပြာဟာ အလင်းထဲပိုက်ဆံ ဖြစ်သွား

စားမန်ခုတ်နေတဲ့ ကိုတရုတ်များနဲ့ စာနဲ့ပေနဲ့ချုပ်ထားတဲ့
သံတမန်စီးပွားရေးကိစ္စရဲ့ အရင်းအမှန်မှာ
ခိုးဖဲတွေနဲ့ ဒိုင်ခံကောက်စားတော့မည်

အကြံယုတ်တွေနဲ့ဗိုလ်ချုပ်များရဲ့ ဗလာကွက်တွေနဲ့လုပ်စားတဲ့
အကြံအဖန်ကြီးပွားရေးစိတ်ဓါတ်ရဲ့ အရင်းခံဟာ
ဆိုးမွဲနေတဲ့ နိုင့်ငံပျောက်သွားတော့မည်

ခိုးထားတဲ့ အမှောင်အသပြာဟာ အလင်းထဲပိုက်ဆံ ဖြစ်သွား
ရိုးသားတဲ့ တောင်ရတနာဟာ တွင်းမွဲခွက်ကျန် ဖြစ်သွား

ငါ့တို့ဆေးရမဲ့ ခွေးစားထားတဲ့ ထမင်းပန်းကန်
ဆောင့်ကန်ပြီး ဆေးသွားတာနဲ့ပဲ တန်တယ်။ ။

သုအိုင်စံ
၁၆-၀၄-၂၀၁၆

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ