(((မိုင်းကွင်းထဲမှာ)))

(((မိုင်းကွင်းထဲမှာ)))

သတ်ကွင်းထဲက မြှုပ်မိုင်းကို
ခေါင်းဆောင်က
(ဝုန်းကနဲ)
တက်နင်းပြီး သေလိုက်တော့တယ်
(ဘာပြောကောင်းမလဲ)
နောက်လိုက်တွေလည်း
(တဝုန်းဝုန်းနဲ့)
တစ်လုံးပြီးတစ်လုံး
တက်နင်းခွဲပြီး သေကြတော့တယ်
ရန်သူဟာ
မြှုပ်မိုင်းတွေ အားလုံးကွဲကုန်ပြီး
သူ့ ရန်သူတွေ အားလုံး ကျ ကုန်တော့မှ
လေချွန်ပြီး သေနတ်တွေကို ကောက်ယူတော့တယ်
..............................
................
ကမ္ဘာကြီးက
ခင်ဗျားတို့ ခေါင်းဆောင် ဘယ်သူလဲလို့ မေးရင်
အောင်ဆန်းစုကြည် လို့ ဖြေခဲ့ကြတယ် မဟုတ်လား
မိုင်းကွင်းထဲက
ပြာကျသွားတဲ့ ဝိညာဉ်တွေဟာ
လူထုကြီးက
သိပ်မျှော်လင့်ခဲ့ဖူးတဲ့ သူရဲကောင်းတွေပေါ့
ကဲ...အခုတော့၊
အမျှဝေ ရမလား၊ ကာလနာ တိုက်ရမလား
လွှတ်တော်ထဲမှာ အရိုး သွားကောက်ကြစို့။   ။

၂၂-၁၂-၂၀၁၃

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ