((( ပွဲမပြီး၊ မီးမသေ )))

((( ပွဲမပြီး၊ မီးမသေ )))

ရေကူးတဲ့သူဟာလည်း
ရေထဲ ၃ ပုံ ၁ ပုံ မြှုပ်ထားတာပဲ

ရေကူးတဲ့ကမ္ဘာဟာလည်း
ရေထဲ ၃ ပုံ ၁ ပုံ မြှုပ်ထားတာပဲ

လူ့ လောကပင်လယ်ထဲမှာ
ယုံကြည်လို့ရတာက ၃၅%ပဲပေါ့
ကျန်တာကတော့ ဘာမဆိုဖြစ်နိုင်

နိုင်ငံကို ၃ ပုံ ၂ ပုံ ပိုင်ရင်
နိုင်ငံရေးလုပ်တာ အောင်မြင်မယ်
ဟုတ်တယ် မဟုတ်လား

လှိုင်းတစ်လုံးအားနဲ့ မုန်တိုင်း မဖြစ်ပေမဲ့
မုန်တိုင်းဟာ
လှိုင်းတစ်လုံးရဲ့ ခံယူချက်က စခဲ့တာပဲလေ

၁ ပုံကို ငါးစာတုံး လုပ်ပြီး
၃ ပုံကို ယုံကြည်ချက်နဲ့ မျှားတာ
ရေထဲကကမ္ဘာဟာ ရေထဲမှာနစ်ဆဲ
လေထဲမှာ ဗလာကြီး တွဲလောင်းချိတ်လို့
အနာဂတ်တို့ ရေချိုး ပြန်ခဲ့ရာမှ
ကမ်းစပ်ကို တဖန် ကမ္ဘာပြန်လည်ခဲ့ရ
ငါးမြှားတံကို ရေထဲ နှစ်ချလိုက်တယ် အရင်လို။ ။

သုအိုင်စံ
၂၆-၀၃-၂၀၁၄

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))