((( ငလျှင် )))
((( ငလျှင် )))
တစ်နေ့ပြီးတစ်နေ့ အသက်ဟာ ကြီးသွားလည်း
တစ်ကွေ့ပြီးတစ်ကွေ့ ဆက်ကာ ခရီးသွားမြဲ
ဘယ်ကိုမှလည်း ကိုယ်က မရောက်နိုင်တာ့တဲ့
ဝင်္ကဘာ၏လမ်းများရဲ့ ခေါ်ငင်လမ်းဖျောက်ထားရာသို့
ဘယ်လိုမှလည်း ပို ထပ် မလျှောက်နိုင်တော့တဲ့
ပညာရှိစွမ်းအားနဲ့ မျှော်မြင်လှမ်းလျှောက်သွားပါလို့ 
စိတ်စေရာတို့၏ ကွန့်မြူး တွေးဆဥာဏ်ကုန်စဉ်းစားချက်များ
ရုပ်ခြေရာတို့၏ လွန့်လူး ဆေးစပ်အမှန် ပုံသွင်းထားချက်များ
တုန်ခါခြင်းဟာ
အတိတ်ထဲ ရေပွက်သလို ဘောင်တိုက်တိုး၍ ကျေပျက်ခဲ့တယ်
တုန်ခါခြင်းဟာ
စိတ်ထဲ လေမဲ့သလို အတောင်လိုက်ကျိုး၍ အခြေမဲ့ခဲ့တယ်
တုန်ခါခြင်းဟာ
အရိပ်ထဲ နေထွက်သလို မှောက်မိုက်စိုး၍ အသေထွက်ခဲ့တယ်
-
ရှင်သန်နေတဲ့ ငလျှင်ဟာ တုန်ခါလို့နေ ပိဖုံးသေဖို့။ ။
သုအိုင်စံ
၂၄-၁၁-၂၀၁၄
Comments
Post a Comment