((( မုန့်ရှူ ခြင်းဒီမိုကရေစီ )))

((( မုန့်ရှူ ခြင်းဒီမိုကရေစီ )))

လိဒ်တီးတဲ့
တေးသမားသည် ဂစ်တာကို ဘေးချကာ
သုခိတာဆေးလိပ်ရဲ့အစီခံကိုညှစ်လိပ်ချွတ်ပြီး
အထဲကဆေးသားတွေကို
အကုန်လုံး တောင့်ထုတ်သွန်လိုက်တယ်

ဘေ့စ်တီးတဲ့
ဆေးသမားသည် လက်ဝါးနှစ်ဖက်ပေါ်မှာ
ထွက်လာတဲ့ ဆေးသားတစ်ဝက်နဲ့
ကြိတ်ချေထားတဲ့ ဆေးခြောက်တစ်ဝက်ကို
သမ မျှတ ကျန သပ်ရပ် လှပအောင်ရောစပ်ပြီး
သုခိတာဆေးလိပ်ထဲကို ပြန်ရိုက်ထည့်လိုက်တယ်

ရစ်သမ်တီးတဲ့
အတွေးသမားသည် အသေအချာ စဉ်းစား၍
ဆေးလိပ်ဆေးသားတစ်ဝက်ပြန်သုံးတာဟာ
ရှေးထုံးကို မပယ်တာပဲပေါ့ တဲ့
ဆေးခြောက်ဆေးသားတစ်ဝက်ရောသုံးတာဟာ
ဈေးသုံးကို မကြွယ်တာပဲပေါ့ တဲ့

တေးသမားရယ်
ဆေးသမားရယ်
အတွေးသမားရယ်
၃ ယောက်သား ဆေးခြောက်ရှူပြီး/ ကောင်းပြီးတော့
မယ်လိုဒီသွက်သွက်၊ စည်းချက်ညီညီ၊ ဟာမိုနီကျကျ
ဂစ်တာ ၃ လက်ကို ဆိုင်ပြီး ပြိုင်ပြီး တီးခတ်လိုက်တဲ့အခါ
တေးတစ်ပုဒ် လေမှာ ပီသချို မြ ကျူးလွင့်လင်းပခုန်ကြွလာခဲ့
အဲဒီ သီချင်းရဲ့အမည်က
"ဒီမိုကရေစီပိဋက" တဲ့ ဗျာ
လူဆန်တဲ့နံနက်ခင်းသစ်ရနံ့ဟာ မွှေးသက်ရွှန်းဝေနေတာပဲ

ဒီမိုကရေစီနည်းဆိုတာ
အဖိုးတွေကလည်း ပျော်ပျော်ကြီး နေတတ်သွားနိုင်ရမယ်
မြေးငယ်တွေကလည်း ပျော်ပျော်ကြီး ကျေနပ်သွားနိုင်ရမယ်
အဖေတွေကလည်း ပျော်ပျော်ကြီး တီးခတ်သွားနိုင်ရမယ်
သုခိတာဆေးလိပ်ဆိုတာ
မှန်ကန် နည်းကျ ပြန်ပြင်လိပ်သောက်တတ်ရင် ပိုကောင်းတယ်။   ။

သုအိုင်စံ
၂၄-၀၉-၂၀၁၄

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))