((( နေ၏ခြေရာနှင့် အရာရာများ )))

 ((( နေ၏ခြေရာနှင့် အရာရာများ )))

အနောက်အရပ်ကို
စောင့်ကြပ်ကြည့်စဉ်
ဝိညာဉ်ကိုယ်ဟာလေ
တံလျှပ်ခုန်နေတဲ့လှိုင်းလို
ဝုန်းဒိုင်းတုန်ခါနေ


အရှေ့အရပ်က လာခဲ့တာလေ
ကိုယ်ဟာ နေတလုံးပါ
ကိုယ်ဟာ လေတကုံးပါ
ကိုယ်ဟာရေတပုံးပါ
ကိုယ်ဟာ မြေတကုန်းပါ

နေလာခဲ့ကာ
အနေမကြာခဲ့ပါ
သေလာလှည့်တာ

မြောက်အရပ်ဟာ
ကောင်းကင်ဘုံလား
တောင်အရပ်ဟာ
ငရဲဘုံလား
နေမသွားတဲ့လမ်းမှာ
ဘုရားသခင်တပါး
ကျမ်းစာသားပြင်နေ

မသေသောတရားတကြောင်း
မှားကောင်းမှားပါလာနိုင်တာမို့
မျှော်လင့်လို့သေနှင့်ခဲ့ရင်း
နေတစင်းလို့ ငါတို့ဟာ
လောကရဲ့ အရာရာပဲ။ ။

သုအိုင်စံ
၁၃-၀၄-၂၀၁၆

 -
 -
-

 ((( နေ၏ခြေရာနှင့် အရာရာများ )))

အနောက်အရပ်ကို
စောင့်ကြပ်ကြည့်စဉ်
ဝိညာဉ်ကိုယ်ဟာလေ
တံလျှပ်ခုန်နေတဲ့လှိုင်းလို
ဝုန်းဒိုင်းတုန်ခါနေ


အရှေ့အရပ်က လာခဲ့တာလေ
ကိုယ်ဟာ နေတလုံးပါ
ကိုယ်ဟာ လေတကုံးပါ
ကိုယ်ဟာရေတပုံးပါ
ကိုယ်ဟာ မြေတကုန်းပါ

နေလာခဲ့ကာ
အနေမကြာခဲ့ပါ
သေလာလှည့်တာ

မြောက်အရပ်ဟာ
ကောင်းကင်ဘုံလား
တောင်အရပ်ဟာ
ငရဲဘုံလား
နေမသွားတဲ့လမ်းမှာ
ဘုရားသခင်တပါး
ကျမ်းစာသားပြင်နေ

မသေသောတရားတကြောင်း
မှားကောင်းမှားပါလာနိုင်တာမို့
မျှော်လင့်လို့သေနှင့်ခဲ့ရင်း
နေတစင်းလို့ ငါတို့ဟာ
လောကရဲ့ အရာရာပဲ။ ။

သုအိုင်စံ
၁၃-၀၄-၂၀၁၆

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ