((( အိမ်မွေးဧည့်သည်များ )))
((( အိမ်မွေးဧည့်သည်များ )))
အလုပ်အာဏာကို အရူးလွန်ကာ
အမြဲ ဆေးလှုပ်သောက်နေရတဲ့ လူပိုးစားဟာ
ပရမ်းပတာ အုပ်ချုပ်လျှက် သိက္ခာမဲ့ စောက်ပြင်းတက်
ဝန်ကြီးများရဲ့ အိမ်ယာတော်ထဲ
ဝင်သွားတယ်....
အယုတ်တမာကို ထူးချွန်စွာ
ငရဲသွေး ထုတ်သောက်နေကြတဲ့ လူဆိုးများဟာ
ချမ်းသာ အထုပ်ထုပ်လျှက် ရိက္ခာနဲ့ တောင့်တင်းခဲ့
ခရိုနီများရဲ့ အိမ်တော်ယာထဲ
ဝင်သွားတယ်.....
မလုပ်ရှာသလို ကျူးလွန်ကာ
တဲလေး လုပ် ဆောက် နေကြတဲ့ လူရိုးသားဟာ
လမ်းမှာ ငုတ်တုတ်ထွက် အိပ်ယာမဲ့ ပျောက်ရင်းနဲ့
ကျူးကျော်များရဲ့ တဲအိမ်အိုထဲ
ဝင်သွားဖို့ရာ
ဝင်သွားဖို့ရာ.....
အိမ်တဲဟာ တကယ်ကို ဖျက်ဆီးပစ်ထားခဲ့ကြတယ်
တချိန်တည်းမှာ ဘယ်ကို ဆက်ပြီး လွင့်သွားဆက်ရမယ်
ရပ်ကွက်ရဲ့ ဒီနယ်မြေ ဒီအိမ်မှာ မွေးဖွားပြီး
မပတ်သက်တဲ့ ဧည့်သည်လို ဖြစ်သွားရတာ
ဒီကျူးကျော်တွေဟာ မြန်မာတွေ မဟုတ်ဘူးလား
ဒီမှာ .ဝန်ကြီးချုပ် ခင်ဗျားကို မေးနေတာ မဖြေရင်
နှုတ်ထွက်စာတင် ဒိုးသွားလိုက်တာ မြင်ချင်တယ်
မြန်မာတွေ အိပ်ငိုက်ရင် မြန်မာမြေမှာ ကျောတခင်းစာ
မရှိဘူး-ဆိုတာ-သိပ်ပြီး ထူးဆန်းမနေဘူးလား
တနေ့သားမှာ---
အဲဒီ (အမတ်+ခရိုနီ+ကျူးကျော်) စတဲ့ လူ ၃ စား ဟာ
ထိန်ပင်ကို ရောက်သွားကာ၊ ရေဝေးကို ရောက်သွားကာ၊
ခေါင်းတလားဟာ
စောက်ကြီး စောက်ကြယ်တွေ၊ စောက်ကလေး စောက်ခွေးတွေ၊
ခွဲခြားဆက်ဆံ မနေဘူး
ရွှေတိဂုံဘုရားကို ရွှေသင်္ကန်းနဲ့ ဘယ်လို ဖူးခဲ့ကြောင်းတွေ
သုသာန်မြေမှာ လာ လာ မပြောနဲ့....တဲ့။ ။
သုအိုင်စံ
၂၁-၀၉-၂၀၁၆
Comments
Post a Comment