((( ဘိလပ်ပြန်အလောင်းများ )))

((( ဘိလပ်ပြန်အလောင်းများ )))

နုငယ်စဉ်သော်
လှေလှော်ရွက်တိုက်
စွန့်စားလိုက်မည်
နေရာသစ်ဆီသို့

ပျိုမျှစ်တက်ကြွ
ဖျတ်လတ်အားကောင်း
မောင်းသန်စိတ်မာ---ချိန်
ဒီအိမ်ကို ပြန်မလာကြဘူး

အမျိုးနိုင်ငံမှာ
တိုးတက်ရေးအတွက်တော့
ကြိုးကိုင်မခံပါ
ချိုးဖျက်ပြေးထွက်ပေါ့

ပြည်ခြားမှာတော့ ကျွန်ခံ
လူဆန်သော တင်းပြည့်ကျပ်ပြည့်ကြီးများ
လူ့အခွင့်အရေးပြည့်သော ပေမှီဒေါက်မှီကြီးများ

ဆံဖြူခါးကိုင်း
နားထိုင်းမျက်စေ့မှုန်
မာန်ကုန်ကိုယ်ပန်း---ချိန်
ဒီအိမ်ကို ပြန်လာကြတယ်

မင်းတို့ အကြောင်း ရှာကြံဖတ်မိလေရဲ့
အိုမင်းပြန်သေသည့် အလောင်းပဲတွေ့သလိုမျိုး
ထမ်းဆောင်ဖူးသည့်နိုင်ငံ့ကောင်းကျိုးဆိုတာ မရှိ
ပြည်တော်ပြန်သည့် ဒီ-အသုဘ
အမာခံ ဒီရွာခံတွေ ဝိုင်းချရပြီ
ကျွန်နံ့ညှီနေသော မျိုးမချစ်အလောင်း
သမိုင်းကြောင်းဟာ ရွာနာတယ်။ ။

သုအိုင်စံ
၀၆-၀၇-၂၀၁၆

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))