((( ယင်း )))

((( ယင်း )))

လက်ကျန်တစ်ဖဲ့ဟာ
မနက်ဖန် မနက်စာပေါ့။

ဒဏ်ပြန် သွေးတောင်းနေမဲ့ ရှင်သန်ခြင်း
မှန်မှန် ပြေးမောင်းနေတဲ့ ယာဉ်မြန်တစ်စင်း

အဆိပ်မပျယ်သွားတဲ့
အဓိပ္ပါယ်များနဲ့
မင်းလုပ်သမျှခံစား
ယင်းဒုက္ခဒဏ်များ

လူ့ဘဝဟာ
စအထွက်မှာပဲ
ဘဝတစ်သက်စာ
လဲခဲ့တယ်-မင်း
စွဲခဲ့တယ်-ယင်း ။   ။

သုအိုင်စံ
၃၀-၀၈-၂၀၁၂

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ