((( ၁၀တန်းအောင်လက်မှတ် )))
အရူးလုပ်တဲ့ အနုပညာဟာ
ရက် ၇၀ ကျော်တာနဲ့ သေဆုံးသွားတယ်
အရူးလုပ်တဲ့ အနုပညာဟာ
ရက် ၇၀ ကျော်တာနဲ့ သေဆုံးသွားတယ်
အနုပညာလုပ်တဲ့ အရူးကတော့
အသက် ၇၀ ကျော်တာတောင် မသေသေးဘူး
တွေးခေါ်စိတ်ကူးမှုတွေက
သူဌေးအကြိုက်နဲ့ဘိန်းယင်းထနေေ ပမဲ့
ပါရမီရဲ့ဖန်ဆင်းချက်က
ခွေးစရိုက်နဲ့ ကော်ရှူ ရုံလေးပဲ တတ်နိုင်ခဲ့တယ်လေ
ခပ်ညံ့ညံလှတဲ့ သုခုမစာပေဟန်များ
ရပ်တန့်မရတဲ့ လူ့ဘဝမှာ ပေကျံသွားရဲ့
ဘယ်ကိုမှ မရောက်ခဲ့တာလား
ဘယ်ကိုမှ မလျှောက်ခဲ့တာလား
လမ်းကြားအုတ်နံရံပေါ်ကဆေးမှုတ် ပန်းချီမှာ
လူသည် လူဖြစ်ခဲ့ကြောင်း
အတွေးစာသားတွေ ဆေးကောက်ကြောင်းတွေ
လမ်းသရဲတွေ ကျောင်းပြီးသွားသလိုပဲ
ဆေးပျယ်သွားမယ် မဟုတ်လား
လမ်းထဲ ရေမြောင်း စီးသွားသလိုပဲ
ဝေးကွယ်သွားမယ် မဟုတ်လား
ရိုက်ပွဲဖြစ်ခဲ့ဖူးတဲ့ လက်တွေနဲ့
သင်္ကြန်ရေပက်ခဲ့ဖူးတဲ့ ရိုးရာဓလေ့မှာ
ရိုးသားစွာ ဆိုးဝါးခဲ့ပါတယ်လေ
ရန်အစဉ်အလာတွေ သူပုန်ထနေတဲ့ ဇာတိရွာထဲ
ပေါက်ဖွားကြီးပြင်းခဲ့
ဥာဏ်ပညာတွေ စုံရပ်သေနေတဲ့ မာတိကာထဲ
လျှောက်သွားစီးနင်းလျှက်
မြေအောက်ဘူတာက မတက်တဲ့ မြေအောက်ဂီတများ
ဘယ်သူမှ နားမဆင်တဲ့ လမ်းဘေးသံစဉ်တွေ
ကိုယ့်ရင်ခွင်လေးနဲ့ ကိုယ့် ကောင်းကင် တည်ထောင်
အမောင်းသင်ခဲ့တဲ့ကောင်ရဲ့ အပျံသင်ခဲ့တဲ့အတောင်နဲ့
မရှိ မရှားတဲ့ မူးယစ်ဆေးဝါးလို လူ့ဝဋ်ကျွေးများကို
အသိတရားနဲ့ မူးပစ်ပျော်ပါးကြ မှီဝဲကျားကန်ကြဆဲ
ရူးသွားရလောက်အောင်လည်း ကံမဆိုးသေးခဲ့ဘူး
ထူးသွားရလောက်အောင်လည်း ကံအကျိုးမပေးခဲ့ဘူး
ကိုယ့်ဆူးကိုယ်ထွင်နေကြရတဲ့ မုဆိုးရဲ့ သိုင်းပညာမှာ
ထက်ပိုင်းကျိုးနေတဲ့ကျောရိုးကို ဂျိုင်းထောက်နဲ့ ထမ်းလာ
စိတ်ကျိုးကြေနေတဲ့ သက်တမ်းကို ပျိုးချင်ပျိုး ဖျက်ချင်ဖျက်
အဆိပ်မိုးနေတဲ့ တက်လမ်းကို ချိုးချင်ချိုး တက်ချင်တက်
တချက်တချက်မှာ
ရပ်ကွက်ထဲ မျက်စေ့လည်လမ်းမှား ပြန်ရောက်တဲ့အခါ
လူ့ဘဝရဲ့ ငယ်စဉ်လက်ရာ ဆေးမှုတ်ပန်းချီတစ်ကွက်ကို
ဝင်ကြည့်မိတဲ့အခါ
Graffiti ဟာ ဆေးကွာ နေမှာပဲ ( မနက်ဖန်မနက်လိုပဲလေ)။ ။
သုအိုင်စံ
၁၇-၀၃-၂၀၁၅
အသက် ၇၀ ကျော်တာတောင် မသေသေးဘူး
တွေးခေါ်စိတ်ကူးမှုတွေက
သူဌေးအကြိုက်နဲ့ဘိန်းယင်းထနေေ
ပါရမီရဲ့ဖန်ဆင်းချက်က
ခွေးစရိုက်နဲ့ ကော်ရှူ ရုံလေးပဲ တတ်နိုင်ခဲ့တယ်လေ
ခပ်ညံ့ညံလှတဲ့ သုခုမစာပေဟန်များ
ရပ်တန့်မရတဲ့ လူ့ဘဝမှာ ပေကျံသွားရဲ့
ဘယ်ကိုမှ မရောက်ခဲ့တာလား
ဘယ်ကိုမှ မလျှောက်ခဲ့တာလား
လမ်းကြားအုတ်နံရံပေါ်ကဆေးမှုတ်
လူသည် လူဖြစ်ခဲ့ကြောင်း
အတွေးစာသားတွေ ဆေးကောက်ကြောင်းတွေ
လမ်းသရဲတွေ ကျောင်းပြီးသွားသလိုပဲ
ဆေးပျယ်သွားမယ် မဟုတ်လား
လမ်းထဲ ရေမြောင်း စီးသွားသလိုပဲ
ဝေးကွယ်သွားမယ် မဟုတ်လား
ရိုက်ပွဲဖြစ်ခဲ့ဖူးတဲ့ လက်တွေနဲ့
သင်္ကြန်ရေပက်ခဲ့ဖူးတဲ့ ရိုးရာဓလေ့မှာ
ရိုးသားစွာ ဆိုးဝါးခဲ့ပါတယ်လေ
ရန်အစဉ်အလာတွေ သူပုန်ထနေတဲ့ ဇာတိရွာထဲ
ပေါက်ဖွားကြီးပြင်းခဲ့
ဥာဏ်ပညာတွေ စုံရပ်သေနေတဲ့ မာတိကာထဲ
လျှောက်သွားစီးနင်းလျှက်
မြေအောက်ဘူတာက မတက်တဲ့ မြေအောက်ဂီတများ
ဘယ်သူမှ နားမဆင်တဲ့ လမ်းဘေးသံစဉ်တွေ
ကိုယ့်ရင်ခွင်လေးနဲ့ ကိုယ့် ကောင်းကင် တည်ထောင်
အမောင်းသင်ခဲ့တဲ့ကောင်ရဲ့ အပျံသင်ခဲ့တဲ့အတောင်နဲ့
မရှိ မရှားတဲ့ မူးယစ်ဆေးဝါးလို လူ့ဝဋ်ကျွေးများကို
အသိတရားနဲ့ မူးပစ်ပျော်ပါးကြ မှီဝဲကျားကန်ကြဆဲ
ရူးသွားရလောက်အောင်လည်း ကံမဆိုးသေးခဲ့ဘူး
ထူးသွားရလောက်အောင်လည်း ကံအကျိုးမပေးခဲ့ဘူး
ကိုယ့်ဆူးကိုယ်ထွင်နေကြရတဲ့ မုဆိုးရဲ့ သိုင်းပညာမှာ
ထက်ပိုင်းကျိုးနေတဲ့ကျောရိုးကို ဂျိုင်းထောက်နဲ့ ထမ်းလာ
စိတ်ကျိုးကြေနေတဲ့ သက်တမ်းကို ပျိုးချင်ပျိုး ဖျက်ချင်ဖျက်
အဆိပ်မိုးနေတဲ့ တက်လမ်းကို ချိုးချင်ချိုး တက်ချင်တက်
တချက်တချက်မှာ
ရပ်ကွက်ထဲ မျက်စေ့လည်လမ်းမှား ပြန်ရောက်တဲ့အခါ
လူ့ဘဝရဲ့ ငယ်စဉ်လက်ရာ ဆေးမှုတ်ပန်းချီတစ်ကွက်ကို
ဝင်ကြည့်မိတဲ့အခါ
Graffiti ဟာ ဆေးကွာ နေမှာပဲ ( မနက်ဖန်မနက်လိုပဲလေ)။ ။
သုအိုင်စံ
၁၇-၀၃-၂၀၁၅
Comments
Post a Comment