((( စစ်နှင့်ပဋိပက္ခများ )))

((( စစ်နှင့်ပဋိပက္ခများ )))

လွန်ခဲ့သော တချိန်ချိန်က
ဘော်လုံးပွဲကို စခဲ့ကြတယ်
အကြိတ်အနယ် ကန်ကြတယ်
ပထမပိုင်းပြီးလို့ တခါ ပြန်စတယ်
သူနိုင်ကိုယ်နိုင် ဆက်ကန်ကြတယ်
ကွင်းလယ်ဒိုင်ကို ဘောလုံးမှန်တယ်
အရှိုက်ကိုထိတော့ ချက်ချင်းသေတယ်
ဒိုင် မရှိတော့ ပွဲကို ရပ်လို့ မရတော့ဘူး
ကမ္ဘာကြီးမှာ ငါတို့ ဆက်ကန်နေကြဆဲ
(မိုက်မိုက်မဲမဲ) ဂိုးမရှိ၊ ပွဲမပြီး
ဘုရားသေကြီးကိုလည်း
အခုထိ မီး မသဂြိုလ်ရသေးဘူး။   ။

သုအိုင်စံ
၁၅-၀၈-၂၀၁၃

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ