((( သစ္စာရေသောက်/သွန်သူများ )))

((( သစ္စာရေသောက်/သွန်သူများ )))
-
လက်မောင်းသွေးကိုဖောက်
သစ္စာရေသောက်တယ်
ဆင်ဖမ်းတယ် ကျားဖမ်းတယ်
အရိုးခံသစ္စာနယ်မြေရဲ့ ဘဝကြမ်းထဲ
အဆိုးဒဏ်ဖြစ်တွယ်တာတွေနဲ့ ဖြတ်သန်းရဲရဲချီ
ဒီစနစ်ဆိုးကို သုတ်သင်ရှင်းဖယ်ရန်
ဒီအမြစ်မျိုးကို ခုတ်ထွင်လင်းပယ်ရန်
သွေးအော်သံနဲ့ တော်လှန်ရေး။

လူငယ့်မာန်လို
အလံတော်ဟာ တဖြတ်ဖြတ် ခေတ်မိုးယံထက်
စစ်ဆိုးဒဏ်ချက်ကို ရင်ဆိုင်ကြကာ
ဇ ဟာ နှစ်ရှည်လများ ထောင် ခဏခဏကျလည်း
ဇ ဟာ အသစ်တွေ ထပ်ပွား အတောင် တဖြတ်ဖြတ်ခတ်မြဲ
သစ္စာမျိုးဆက်ထဲမှာ သစ္စာပျိုးဆက်ကြဲလာ
သေနတ်ပြောင်းထဲမှာ ကျည်တစ်တောင့်
ဘယ်တော့မှ နောက်ပြန်မထွက်ခဲ့ဘူး
ကျည်ဖူးမှန်သမျှ ရန်သူ့ရင်ကို စူးစိုက်ခွဲဖွင့်
အတွဲလိုက်ပဲပစ်တဲ့ ညီညွတ်ရေး
သွေးကြွေးသံစဉ်နဲ့ တော်လှန်ဂီတ
လူသည် အတိုက်အခံရဲ့ လူ ဒီဘဝတွေနဲ့အတူ၊
လူသည် စရိုက်အမှန်နဲ့ လူ ပီသနေတဲ့လူ။

နှစ်ဆယ့်လေးနှစ်ကြာတဲ့အခါ
M16 တစ်လက်ဟာ ဂျမ်းဖြစ်၊
ပစ်လို့မရတော့ဘူးလေ
နှစ်ဆယ့်လေးနှစ်ကြာတဲ့အခါ
Cipher တစ်ရွက်ဟာ ပေါက်ထွက်၊
လဝ ဝှက်လို့ မရတော့ဘူးလေ
နိုင်ငံရေးလမ်းစဉ်တွေကို ဖြုတ်/တိုက်/ပြောင်းရှင်းဖို့
ခေါင်းချင်းတိုက် ဆွေးနွေး အဖြေရှာတော့
မရေရာတော့တဲ့ လက်တွေ့ဘဝမှန်က
အမျက်တွေ့ ထ ကလန်တယ်
ရန်သူ့ ရင်ခုန်သံတို့သည်
အမှန်ဟုထင် နားဝင်ပီယံလို့ ကြည်နူးပီသခဲ့
ရေပေါ်ဆီခေါင်းဆောင်တို့ရဲ့ ပူးသတ်တဲ့ မူဝါဒပျက် ။

ဖဲဝိုင်းကြီးသိမ်းတော့မယ်ဟေ့လို့ ကြေငြာလိုက်တဲ့အခါ
မဖြစ်ဖဲတွေဟာ
ချက်ချင်းပဲ ကမန်းကတန်း ပစ်တင်လိုက်ကြတာပဲ
ဖြစ်ဖဲတွေဟာ တွေဝေလေးဖင့်...
နောက်တော့လည်း...ပစ်တင်လိုက်ကြတာပဲ
ပျောက်နေတဲ့အရာ နိုင်ဖဲက ဒိုင်ထဲကို ရောက်နေတဲ့အခါ
လျှောက်နေခဲ့တာ တချိန်လုံး
တလျှောက်လုံးခရီးရဲ့ ထိုင်ဆွဲခဲ့သမျှတွေရှုံး
မကြောက်ဆုံးနည်းနဲ့ အပြိုင်ရဲခဲ့သမျှတွေဆုံး
အနာဂတ်ရဲ့တောင်ပံအားလုံး
တခါပြတ်နဲ့ပေါင်နှံစားသုံးလိုက်ရတဲ့ ငှက်လို
အထက်ကို ပျံမရ၊ မှန်ကို ကြည့်မရ၊
ရှိသမျှ ဂုဏ်သိက္ခာတွေ ပစ်သွန်ပက်ရ
စစ်ကျွန်သက်ဝရေး ယန္တယား တွင်းအောက်
စစ်အခွန် ဆက်သရေး လမ်းအား နင်းလျှောက်
တစ်ယောက်မကျန်ဖောက်ပြန်တတ်ခဲ့ရင်
သစ္စာမပျက်ကြတော့ဘူး ရဲဘော်ရေ...တဲ့လား
တွဲလက်တွေကို ဖြုတ်ထားပစ်ခဲ့၊
တစ် နှစ် သုံး လေး ငါး ခြောက် ဟစ်ကာ
သွေးသစ္စာရေခွက်အား ပြိုင်တူကန်မှောက်သွားကြ
တခါတရံက သွေးသောက်များရဲ့မျက်နှာတွေဟာ
ကာလနာသတ်လို့ သေတဲ့ မသာကောင်တွေလို မွဲပြာပြာနဲ့။ ။

သုအိုင်စံ
၂၇-၀၄-၂၀၁၃

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))