((( စိတ်မသိုင်းဝိုင်းတော့တဲ့အသိုင်းအဝိုင်းစိတ် )))

((( စိတ်မသိုင်းဝိုင်းတော့တဲ့အသိုင်းအဝိုင်းစိတ် )))

ခုတ်ပြေးနေတဲ့ ရထားတွဲထဲ လူအားလုံး ဖုန်းတွေပွတ်လာ
အလစ်သုတ်သူဟာ အဖွားအိုရဲ့ ရွှေသားကို အသာချွတ်ကာ
ဘူတာရောက်တာ့ သူဆင်းသွားပါလေရဲ့ လွတ်ရာကျွတ်ရာ
နီးလျှက်နဲ့ ဝေးလာတဲ့ လူ့တိုးတက်မှုရဲ့ ဘဝ၏ ကံနာဝဋ်နာ
သိပ်မသိုင်းဝိုင်းတော့တဲ့ အသိုင်းအဝိုင်းစိတ်ဟာ ပြသနာ


ဟိုဘက်အိမ်ကပါတီ ပျော်ပါးသောက်စားခုန်က မြူးကြွဂီတနဲ့
ဒီဘက်အိမ်မှာ ကွန်ပြူတာထဲသော့ခတ် ထောင်ကျနေတဲ့ဒီဘဝ
ပျံနေတဲ့လူငှက်ကို လက်ထပ်ထားတဲ့ ကူးနေတဲ့လူငါးတို့ရဲ့ဒီဘဝ
နီးလျှက်နဲ့ ဝေးလာတဲ့ လူ့တိုးတက်မှုရဲ့ ဘဝပေးတဲ့ ကံနာဝဋ်နာ
သိပ်မသိုင်းဝိုင်းတော့တဲ့ အသိုင်းအဝိုင်းစိတ်ဟာ ပြသနာ

ညစာလာပို့သော စက်ရုပ်အား ကျေးဇူးစကား ပြန်ပြောလိုက်စဉ်
စက်ရုပ်ရဲ့အချိုးက ဆက်ဆံချင်သလိုလို မဆက်ဆံချင်သလိုလိုနဲ့
အလိုမပါသောအပြုံးများနဲ့ရွံစရာ နဂိုမပါသောနှလုံးသားကျွန်ဟာ
နီးလျှက်နဲ့ ဝေးလာတဲ့ လူ့တိုးတက်မှုရဲ့ ဘဝပေးတဲ့ ကံနာဝဋ်နာ
သိပ်မသိုင်းဝိုင်းတော့တဲ့ အသိုင်းအဝိုင်းစိတ်ဟာ ပြသနာ

ကွန်ပြူတာထဲ ဘော်လုံးကန် ဘော်လုံးကွင်းထဲ ဂီတပွဲတော်လုပ်
ဂီတထဲမှာ ကွန်ပြူတာပရိုဂရမ်ဆွဲ ပရိုဂရမ်ထဲမှာ ဦးနှောက်ကျကွဲ
မြင်ရတဲ့ကမ္ဘာမှာ ဘာမှမသိကြ၊ မမြင်ရတဲ့ကမ္ဘာမှာ အကုန်လုံးသိ
နီးလျှက်နဲ့ ဝေးလာတဲ့ လူ့တိုးတက်မှု၏ ဘဝပေးတဲ့ ကံနာဝဋ်နာ
သိပ်မသိုင်းဝိုင်းတော့တဲ့ အသိုင်းအဝိုင်းစိတ်ဟာ ပြသနာ

ကွန်ု့တာနဲ့ ဖုန်းတွေကိုပိတ်ပါ၊ သစ်ပင်ပေါ်သွားတက်အိပ်ကြစို့ဗျာ
ဒီခေတ်မှာတော့ လူရဲ့စိတ်အားလုံးဟာ မျောက်သစ်ကိုင်း လွတ်ပြီး
ရုပ်အားလုံးကို မျောက်က မဆက်ဆံကြတော့တဲ့ လူသားတွေပေါ့ဗျာ
နီးလျှက်နဲ့ ဝေးလာတဲ့ လူ့တိုးတက်မှုရဲ့ ဘဝပေးတဲ့ ကံနာဝဋ်နာ
သိပ်မသိုင်းဝိုင်းတော့တဲ့ အသိုင်းအဝိုင်းစိတ်ဟာ ပြသနာ

ရေနံတွင်းတွေကို မီးရှို့ပြီး လေယာဉ်တွေကို ဖျက်ဆီးပစ်လိုက်ပါစို့
နို့မတိုက်ချင်တဲ့ မိန်းမ မိခင်မလုပ်ရဆိုတဲ့အမိန့်ထုတ်ဖို့ လိုအပ်မယ်
စိတ်မသိုင်းဝိုင်းတော့တဲ့ အသိုင်းအဝိုင်းစိတ်ဟာ ပြသနာ ဖြစ်တယ်။ ။

သုအိုင်စံ
၁၁-၀၅-၂၀၁၆

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ