((( ငမူးများ )))
((( ငမူးများ )))
တောင်ခြေရောက်ရင် ခေါင်ရည်သောက်ဖို့
သမုဒ္ဒရာပြင်ကနေ ခုတ်ကာနှင်
လာခဲ့တယ်
ကမ်းခြေရောက်ရင် ထမ်းရည်သောက်ဖို့
မြေပြင်လမ်းကနေ ခြေလျင်လှမ်း
လာခဲ့တယ်
သံသရာ ပတ်နေသော အမူးသမားရဲ့
အခြေခံကျတဲ့
လောဘ၏ ဥစ္စာသိုက်တွင်း ဆိုတာ
-
ပြန်လာ ထပ်သေသော မထူးခြားတဲ့
သေဒဏ်ချတဲ့
လောက၏ ယုတ်မာလိုက်ခြင်း ပါပဲ
သေရည်ခွက်ထဲ
သေနေခဲ့မြဲ
အငွေ့ပျံနေတဲ့အရက်လို
တနေ့ ပြန်သေတဲ့ အသက်တွေ။ ။
သုအိုင်စံ
၁၀-၁၀-၂၀၁၅
Comments
Post a Comment