((( လမ်းသရဲပန်းချီ )))

((( လမ်းသရဲပန်းချီ )))

အထူအပါးနဲ့ 
ဆေးသား မညီပေမဲ့
လူသားရဲ့ 
သွေးများ နီနေလျှက်

တရောင်ထဲမှာပဲ
အဆင်းကွဲနေသည်
အမှောင်ထဲမှာပဲ
အလင်းကွဲနေသည်
ဘာပန်းချီနည်းလဲ

ရုပ်နာမ်ကို စုတ်တံနဲ့ 
ယူသုတ်ပြီး ခြစ်ကြည့်တာ
လူရုပ်ကြီး ဖြစ်လာတာပဲ
အဲဒါနဲ့  ဆက်ရေးတာ
အထဲကသွေးကို
အတူနီအောင် ရမ်း သုတ်တယ်
အပြင်ကရုပ်ကို
မတူညီအောင် မှန်း လုပ်တယ်
စိတ်လှိုင်းကို ဘောင်ခတ်တယ်
အရိပ်လှိုင်းကို အမှောင်ချတယ်
ပြီးတော့
ဖြစ်ချင်တာဖြစ်ကြ ပစ်ချလိုက်တယ်

ဘာပန်းချီဝါဒ ခေါ်မလဲဗျ

မတော်တဆ အတွေးကိုပဲ
ပစ္စလက္ခ ဆက်ရေးတာလေ
မတော်တဆပစ္စလက္ခဝါဒပဲပေါ့
လမ်းသရဲ ပန်းချီဝါဒလို့ လည်းခေါ်ကြ
ဖြစ်သမျှဘာမှလည်း တာဝန်မယူပြန်
လူဖြစ်လူခံပန်းချီရေးဟန်ပေါ့

ပန်းချီဆရာအမည် ပြောပါ

ဘုရားသခင်လို့  ခေါ်တာပဲ
မှားရင်လည်း မှားနိုင်တယ်

သုအိုင်စံ
၀၅ ၀၄ ၂၀၁

အထူအပါးနဲ့ 
ဆေးသား မညီပေမဲ့
လူသားရဲ့ 
သွေးများ နီနေလျှက်

တရောင်ထဲမှာပဲ
အဆင်းကွဲနေသည်
အမှောင်ထဲမှာပဲ
အလင်းကွဲနေသည်
ဘာပန်းချီနည်းလဲ

ရုပ်နာမ်ကို စုတ်တံနဲ့ 
ယူသုတ်ပြီး ခြစ်ကြည့်တာ
လူရုပ်ကြီး ဖြစ်လာတာပဲ
အဲဒါနဲ့  ဆက်ရေးတာ
အထဲကသွေးကို
အတူနီအောင် ရမ်း သုတ်တယ်
အပြင်ကရုပ်ကို
မတူညီအောင် မှန်း လုပ်တယ်
စိတ်လှိုင်းကို ဘောင်ခတ်တယ်
အရိပ်လှိုင်းကို အမှောင်ချတယ်
ပြီးတော့
ဖြစ်ချင်တာဖြစ်ကြ ပစ်ချလိုက်တယ်

ဘာပန်းချီဝါဒ ခေါ်မလဲဗျ

မတော်တဆ အတွေးကိုပဲ
ပစ္စလက္ခ ဆက်ရေးတာလေ
မတော်တဆပစ္စလက္ခဝါဒပဲပေါ့
လမ်းသရဲ ပန်းချီဝါဒလို့ လည်းခေါ်ကြ
ဖြစ်သမျှဘာမှလည်း တာဝန်မယူပြန်
လူဖြစ်လူခံပန်းချီရေးဟန်ပေါ့

ပန်းချီဆရာအမည် ပြောပါ

ဘုရားသခင်လို့  ခေါ်တာပဲ
မှားရင်လည်း မှားနိုင်တယ်

သုအိုင်စံ
၀၅ ၀၄ ၂၀၁

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ