((( လူသားတစ်ပွဲ၊ အမှောင်စပ်စပ်၊ )))

((( လူသားတစ်ပွဲ၊ အမှောင်စပ်စပ်၊ )))

အစဉ်အလာကြောင့်မို့
တောင်တန်းတွေက
သစ်ပင်ကြီးငယ် အရေအတွက် စာရင်းတင်မယ်
လွင်ပြင်က
စပါးပင် စားပင် အရေအတွက် စာရင်းတင်မယ်
ပင်လယ်က
ပုဇွန် ငါး ကောင်အရေအတွက် စာရင်းတင်မယ်


အစဉ်အလာကြောင့်မို့
သဘာဝလောကရဲ့ စာရင်းကောက်ဖို့
တစ်နေ့တစ်ခါ နေရောင် ရောက်လာတယ်

အစဉ်အလာပျောက်လို့
တစ်နေ့တစ်ခြား
စာရင်းတွေ လျှော့ လျှော့ သွားခဲ့တာ
နေရောင်ဟာ ၁၀၉/၁၁၀ ဖြစ်သွားလေရဲ့
ကမ္ဘာလောကကို နေမထွက်တော့ဘူးလေ

ဘာမှ မရှိတော့တဲ့
မဟူရာ အမှောင်တိုက်ချည်း ဗလာနယ်မှာ
လူဟာ အကြောင်ရိုက်ပြီး လူကို ရောင်းစားဖို့
ကိုယ်စီ ခေါင်းစားရင်း အတွေးမိုက်လို့နေကြရဲ့
အမှောင်နက်နက် မိုက်တွင်းနက်နက်နဲ့
ပက်စက်သူ ကြီးစိုးတဲ့ စီးပွားရေးဈေးကွက်မှာ
လူသားဟာ လူသားကို
အရေးပေါ် မနက်စာလို ရောင်းစားခဲ့တယ်
အရေးကြီး ညစာအဖြစ် ဝယ်စားခဲ့တယ်

လူရဲ့အသားဟာ ဘာ အရသာပဲ ရှိရှိ
စားကြည့်လို့ရရင်တော်ပြီ မဟုတ်လား
သွေးများအားလုံး ရဲရဲ တူ နီနေ၏။ ။

သုအိုင်စံ
၃၀-၀၅-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ