((( လူလည် )))
((( လူလည် )))
ခြေ ၂ ခြောင်းနဲ့
ရပ်ကြည့်တယ်၊ သွားကြည့်တယ်
ရတယ်
ဘီး ၂ လုံးနဲ့၊ တီထွင်ကြည့်တယ်
ရပ်ကြည့်တယ်၊ သွားကြည့်တယ်
ရတယ်
ပိုကောင်းအောင်
ဘီး ၄ လုံးနဲ့၊ တီထွင်ကြည့်တယ်
ရပ်ကြည့်တယ်၊ သွားကြည့်တယ်
ရတယ်
ပိုကောင်းအောင်
ခြေ ၄ ခြောင်းနဲ့၊ မတီထွင်ကြည့်ဘူး
မရပ်ကြည့်ဘူး၊ မသွားကြည့်ဘူး
ငြင်းတယ်
သူများကို နွားလိုခိုင်းစားပြီး
ကိုယ်က နွားလို ရုန်းရမှာ
သိပ် ကြောက်တဲ့ လူလည်
ကမ္ဘာကို ဒိုင်ကိုင်နေတယ်။ ။
သုအိုင်စံ
၂၉-၀၃-၂၀၁၃
Comments
Post a Comment