(((ပဋိပက္ခ)))

(((ပဋိပက္ခ)))

နွားဟာလည်း ခြေ ၄ ချောင်းထောက်နဲ့ သွားတယ်
သစ္စာ ၄ ပါးကို ဦးတိုက် ကိုးစား ယုံကြည် ပြီးတော့
အရပ် ၄ မျက်နှာကို တူရူမျက်နှာမူပြုထား ပြီးတော့

ကားဟာလည်း ဘီး ၄ ဘီးထောက်နဲ့ သွားတယ်
သစ္စာ ၄ ပါးကို ဦးတိုက် ကိုးစား ယုံကြည် ပြီးတော့
အရပ် ၄ မျက်နှာကို တူရူ မျက်နှာမူပြုထား ပြီးတော့

တခါတခါ ကားအိုနဲ့ နွားပျိုတို့ အပြေးပြိုင်ကြတယ်
ဘယ်သူက နိုင်တယ် အပြတ် ပြောလို့ကို မရဘူး
အချိန်နဲ့အပြိုင် မရပ်နိုင် မနားနိုင် ပြေးနေကြတာ

တခါတခါ ကားပျိုနဲ့ နွားအိုတို့ အပြေးပြိုင်ကြတယ်
ဘယ်သူက ရှုံးတယ် အပြတ် ပြောလို့ကို မရဘူး
အချိန်နဲ့အပြိုင် မရပ်နိုင် မနားနိုင် ပြေးနေကြတာ

အရာရာလိုပဲ နွားဟာ သေဆုံးတယ် (ယှဉ်ပြိုင်မှုနဲ့တော့ မဆိုင်)
အရာရာလိုပဲ ကားဟာ ပျက်စီးတယ် (ယှဉ်ပြိုင်မှုနဲ့တော့ မဆိုင်)
အရာရာလိုပဲ နာရီဟာ ဆက်သွားတယ် (ယှဉ်ပြိုင်မှုနဲ့တော့ မဆိုင်)

နွားသချိုင်းထဲက အသားအမျှင်မရှိတဲ့ နွားနံရိုးတစ်ချောင်းကို
ဘယ်ခွေးကမှ ကိုက်ရခဲရ ကောင်းမှန်း မသိကြတော့ဘူးလေ
အချိန်ဟာ မူးနေတဲ့ ဒိုင်လူကြီးလို ဆုံးဖြတ်ချက်တို့ မှန်ကန်နေ

ကားသချိုင်းထဲက သံချေးထူတက်နေတဲ့ ကားမူလီတစ်လုံးကို
ဘယ်လူတွေကမှ သုံးရစွဲရ ကောင်းမှန်း မသိကြတော့ဘူးလေ
အချိန်ဟာ မူးနေတဲ့ ဒိုင်လူကြီးလို ဆုံးဖြတ်ချက်တို့ မှန်ကန်နေ

နွားနံရိုးနဲ့ ကားမူလီနဲ့ မတော်တဆ တိုက်ဆိုင်လို့ ထိခိုက်မိတဲ့အခါ
နွားနံရိုးက အက်ကျေသွားတယ် ကားမူလီက သံချေးပဲ့ကြွေသွားတယ်
ယှဉ်ပြိုင်မှုနဲ့ ဆိုင်တယ် မဆိုင်လား ဘယ်ဦးနှောက်တို့ကမှ မစဉ်းစား

သစ္စာ ၄ ပါးဟာ ထာဝစဉ် ထာဝရ မှန်ကန် ရပ်တည် စံပြထားတယ်
အရပ် ၄ မျက်နှာဟာ ထာဝစဉ် ထာဝရ မှန်ကန် ရပ်တည် စံပြထားတယ်
သဘာဝလောကမှာ ၄ နားညီ စတုဂံတွေဟာ ထောင့် မညီဘူး ရွဲ့နေ၏
အစ္ဖျတ္တအတွင်းပဋိပက္ခတို့၏ တိုးတက်သော ခြေရာလက်ရာ လက္ခဏာနဲ့
စကြဝဠာကြီးဟာ တိုးတက်ဖြစ်တည်လာခဲ့တယ် ဆုတ်ယုတ်သုန်းပျယ်စွာ
လေဒြပ်စင်ဟာ စက္ကန့်တိုင်းမှာ အရေခွံလဲနေရပေါ့ သင်္ခါရဖိအားတို့ စေရာ
၎ နားမညီတဲ့ ရွဲ့နေသော စတုဂံတို့ရဲ့ ဗိသုကာဟာ ခမ်းနားစွာမင်းမူလာခဲ့
ပဋိပက္ခတို့ရဲ့ Masterpiece အနုပညာဟာ ကျဆုံးခဲ့မယ် ဂုဏ်ယူထိုက်စွာ
လောဘတကြီးလိုနေတဲ့ အရာရာဟာ ဘာမှ မဟုတ်ဘူး ပြည့်စုံပါတယ်။ ။

သုနိုင်ငံ
၀၈-၀၇-၂၀၁၄

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))