((( အမြစ်ရိတ်သူ )))

((( အမြစ်ရိတ်သူ )))

ပျိုးထောင်ထားတဲ့ အပင်လေးတခုဟာ
မိုးခေါင်သွားတဲ့ ယဉ်ကျေးမှုမှာ
ရှုပ်ပွနေတဲ့ ဒုက္ခတွေနဲ့
စုတ်ပြတ်သေခဲ့ရ ကံကြမ္မာ
ရုက္ခဗေဒရဲ့ သံသရာမှာ
မတော်တဆသော မူတရားအတိုင်း
ပေါ်လာရသော လူသားတိုင်းဟာ
နောက်တခါ အပင် ပြန်ဖြစ်ဖို့ မသေချာ
နောက်တခါ ရှင်သန်ခွင့်တို့ မသေချာ
ညစ်ရှင်ရူးနေတဲ့
သစ်ပင်ထူးတွေဟာ
မြေမှာမြုပ်စွဲ ဝဋ်အမြစ်တို့အား
သေချာ နှုတ်ဆွဲ ချွတ်ပစ်လို့သွား
သစ်ပင်ဟာ သစ်တောကို မပိုင်ပေမဲ့
သစ်ပင်ဟာ သစ်ပင်ကို ပိုင်တာရော
သေချာပါသလား
အဖြေမှာ ပါသလား
သေသွားသူ၌သာ
အဖြေများအတူ လိုက်ပါသွားတယ်။   ။

သုနိုင်ငံ
၂၈-၀၃-၂၀၁၇

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ