((( နိုင်ဖဲ )))

((( နိုင်ဖဲ )))

အဖေက
(၂-၁) မူဝါဒနဲ့
ခေတ်အစုတ် စစ်ဗျူဟာ ချခဲ့တယ်
(ခွဲထွက်ရေးဝါဒီ)။

ကျနော်က
(၀=၀) လမ်းစဉ်နဲ့
အကုန်မျှ၊ ညီကြရင်း၊ ဆုံကြ၊ လမ်းမြင်စေတယ်
(စေ့စပ်ရေးဝါဒီ)။

သားက
(၁+၁) ဆောင်ပုဒ်နဲ့
အသစ် အကောင်း ဖြစ်အောင်လုပ်တယ်
(တည်ဆောက်ရေးဝါဒီ)။

(-) ခေတ်က (အဖေ) သေသွားပြီ
(=) ခေတ်က (ကျနော်) သေတော့မယ်
(+) ခေတ်က (သား) ရှင်ဆဲပဲ။

လက်ရှိ (၁+၁) အတွဲဟာ
ကွက်တိ ပစ်လောင်းသင့်တဲ့ ဖဲ ပဲ။

တခါက ခွက်ခွက်လန် ရှုံးခဲ့သမျှ
အနာဂတ်နဲ့ မနက်ဖန်မှာ နိုင်ရမယ်။ ။

သုအိုင်စံ
၀၇.၀၄.၂၀၁၂

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))