((( ရန်/ ငါ မရှိကြတဲ့နှလုံးသားတွေမှာ အန္တာတိကရဲ့ အပြုံးများဝေဆာ )))

((( ရန်/ ငါ မရှိကြတဲ့နှလုံးသားတွေမှာ
အန္တာတိကရဲ့ အပြုံးများဝေဆာ )))

ပေါ့ ပေါ့ နေ ပေါ့ ပေါ့ စား
(ကြေးးစားမိန်းမ-ယူစားနည်း)က ဒီလိုတဲ့
စောက်သက်ပျိုရွယ်တွေ-စောက်ခွက်အိုပယ်တွေ
စောက်အရေပြား တွန့်တွန့် ပြားကြေများအား
စောက်ဆံခွေဖြူများ ကျွတ်ကျွတ်ဖွားဝေများအား
ကြေးစား မိန်းမယူစားကြဖို့ ကြံတယ်-ဆိုပါစို့.

လောလောဆယ် သူတို့ ပေါက်ဈေးဟာ
အမေရိကန် ဒေါ်လာ ၆ သောင်းခွဲ-တဲ့-ဗျာ
အဲဒါက ပွဲစား ပါဝင်လှုပ်ရှားပေးတဲ့ ဈေး
ပွဲစားတွေ မပါပဲ ၂ဦး ၂ဖက်တည်း ဆိုရင်
ဈေးသက်သာရင် သက်သာခဲ့မယ်
ဒါပေမဲ့..
ပွဲစား မပါရင်တော့ အန္တရာယ်တွေ ရှိတယ်
ရှိတယ်..ဆိုတာက...
လုပ်စားနေကြ-- ဒီ-မအေလိုးတွေကို
ဘေးကို- ဖယ်ပစ်-ထားမိလိုက်ရင်
သွားတိုင်-နိုင်တယ် သွား-ချွန်နိုင်တယ်...
အဲအခါကျရင် တကယ် ယူပြလိုက်တာ...
အကောင်းဆုံး.ပြသနာ ဖြေရှင်းနည်းပဲ)
-
လောလောဆယ် ၃သောင်း စရံအရင်တောင်း..
လက်မှတ်ထိုး / အိမ်ပြောင်း ပေးရပါ-တယ်...
လိပ်စာတခုမှာတူတူ အတူ အနေပြရပါ-တယ်...
ပြီးတော့ တနေရာစီမှာ သွား-ခွဲ နေကြရကာ..
အမြဲတမ်း အဆက်အသွယ် လုပ်နေရတာပေါ့..
PR ဖြစ်သွားပြီးရင် ၃သောင်း ထပ်ပေးချေကြ
ပြန်-ကွဲပေးရမယ်လေ
တက်ချ လို့တော့ မရပေ-သူ့ ဥပဒေတွေရှိတယ်
အဲ-ဒါပေမဲ့ တကယ် ချစ်ကြိုက် သွားကြရင်လည်း
၂ ဦး သဘောတူညီစွာ ဥပဒေက မသိရအောင်ပဲ
ပြန် တွဲ ယူလို့ရတယ်လေ...
-
ငရဲခွေးစရိုက်သဏ္ဍာန်တွေ သိပ်ဆန်နေတဲ့--
ဟောဒီမှာ( အထူးသတိပြုရန်တချက် )... အား
သေသေချာချာ မှတ်ထား- ကြွက်ကျရင် ပါးနပ်ပါ..
မေတ္တာစစ်နဲ့  စေတနာ ကြီးမားတဲ့
ကျေးဇူးသခင်အိမ်ရှင်တိုင်းပြည်ရဲ့ 
ကျင့်သုံးနေတဲ့ အခြေခံဥပဒေရဲ့ ဘနဖူးကိုမှ
စားမန်ခုတ်-နှိုက်တူး-ထုတ်ရေးလုပ်ထားတဲ့
သိုက်တူး-ဂုတ်သွေးစုတ်စားတဲ့သူများ-ခင်ဗျား

ကွဲပေးတဲ့ အခါ ကျရင် မိန်းမတွေဟာ ဥပဒေအရ
ကိုယ့် စည်းစိမ် တဝက်ကို တရားဝင် အပိုင်ရတယ်.
သိုက်တူးစားထားသူကို သိုက်တူးစားသွားတာတွေ-
တအား-ခံရပေမှာ...
မိုက်ရူးအားသာနေတဲ့-မယား-ဖျံကျတာတွေ
တအား-ခံရပေမှာ...
ကြုပ် ကျက် လိ ကွာ...အစာကို သတိနဲ့-ဆွဲစား
ခမ်းနားတည်ကြည်-တည်ဆဲ အခြေခံဥပဒေကား
အသွား ထက်ပါတယ် တရားဘက် ပါတယ်
တွင်းနှုပ်ခမ်းမှာ ကျင်လည်ရန် မကျွမ်းကျင်ပဲနဲ့ 
နိုင်ငံထဲက တန်ဖိုးရှိ ဥပဒေ ကြိုးများစွာတို့ အား
ခိုးစား- လုပ်စားဖို့ -- သွား-ကြိုးစား-မရှုပ်လေနဲ့ 
ရိုးရိုးသားသား အခြေခံ လုပ်စားနေတဲ့သူများဟာ
နေအိမ်ဝယ်ထားကာ ရေရှည်မှာ ကားစီးသွားနိုင်ရဲ့ 
တရားမျှတမှုများစွာ လုပ်ငန်းကိုင်ရာတွေနဲ့ 
လူ့ အခွင့်အရေးများဟာ အသီးအခိုင်တွေနဲ့ 
အဆုပ်လိုက် အခိုင်လိုက်ပွင့်ထွားနေတဲ့ ဒီရေခဲမြေမှာ
ညစ်ပတ်-ဖြတ်ခိုး လုပ်စားရေးမျိုးအား ရှောင်လှည့်ပါ
ချစ်မြတ်-မြတ်နိုး လုပ်အားပေးမျိုးများ ဆောင်ရွက်ပါ
အချိန်ပြည့်နေခဲ့ရာ အတူနေလူသား၏
အရင်းအတိုင်းသာ စံချိန်ပြည့်နဲ့ 
အချိန်စေ့သေတဲ့အခါ လူသေဂူထားသည့်
သချိုင်းဟာ အမှန်ဇိမ်ရှိမဲ့ 
ယူရေးသက်သက်နဲ့ သာ အမြတ်မထုတ်မိကြလေနဲ့ 
အတူပေးဆက်ကာ ဘ၀ လုပ်ကြည့်ရပေမည်
ညီညွတ်သောရေခဲပြင်အန္တာတိကပြည်ထောင်စုကြီးရဲ့ 
ရောက်သည့် နေရာတကာမှ ရေခဲလှိုင်းတွေရှိ
အကြောများ ပြိုင်းကြွကာ ဝဖီးနေသလိုပဲကွာ
ရောက်ရှိ အခြေချလာသူ လူသားတိုင်းတွေ၏
စေတနာသာ
သဘောထား မရိုင်းလှစွာ ၀ဖီးနေဖို့ ပဲ လိုပါရဲ့ 
ရေခဲပြင်ရဲ့ အလှအပအား ချစ်မြတ်နိုးသွားကြကာ
ရေခဲပြင်ထက် ဘ၀အစများ အသစ်ချပျိုးထားကြရာ
ရှေ့ လူများက နောက်လူများကို လက်ခံ ကြိုဆိုရာမှာ
နှလုံးသားအစစ်တွေနဲ့  အပြုံးများ ပွင့်ဝေလျှက်သာ
အမုန်းတရားနဲ့ စစ်တွေကလွဲရင် ဘာတွေပဲ လာလာ
ဝဲလ်ကမ်း တူ အန္တာတိကား ။ ။

သုအိုင်စံ
၁၅-၀၆-၂၀၁၆--- ၀၅-၀၉-၂၀၁၇

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))