((( နန်းမသိမ်းတဲ့သူပုန်ဟောင်း )))

((( နန်းမသိမ်းတဲ့သူပုန်ဟောင်း )))

ဘယ်လက်ချောင်း ၄ချောင်းစလုံး ခုတ်ဖြတ်ခံလိုက်ရတဲ့ ဟဲဗီးမက်တယ်လ် လိဒ်ဂစ်တာသမားတစ်ယောက်လိုပါပဲ
အခုခေတ်ရဲ့ စက်ရည်သွေးကဲကဲ လက်ရည်သွေးနည်းနည်း နိုင်ငံရေးဂီတ တီးကွက်တီးပေါက်တွေကို မကြိုက်ဘူး
ကြိုက်ခိုက်မြတ်နိုးရူးသွပ်ရပါေ
သာအနုပညာနဲ့ပတ်သက်ရင် ခံစားရုံလောက်ပဲတတ်နိုင်တော့တဲ့ အနုပညာရှင်ဘဝမှာ
စိတ်သံစဉ် ပါးစပ်တီးလုံး လေတီးကွက်တွေနဲ့ပဲ အခုခေတ်အစိုးရရဲ့လုပ်ရပ်တွေကို ပြင်ဆင်ဖြည့်စွက် နားဆင်နေရင်း
တခါက ခံယူချက်နဲ့ ထွင်တဲ့ခဲ့ဂီတ၊ ဘယ်လက်သွယ်၎ချောင်းနဲ့ လက်စွမ်းပြခဲ့တဲ့သီချင်းကောင်းတွေကို ပြန်တမ်းတတယ်
ဒီမှာ-ကိုယ့်ရဲ့ ယုံကြည်ချက်ဘေးမှာ ကိုယ့်သေနတ်ဟာ မပစ်ဖြစ်ပေမဲ့ ရန်သူ့ရင်ဝတည့်တည့်ချိန်ရွယ် ကျည်ထိုးထားမြဲ
ဒီမှာ-ကိုယ်ရဲ့ မာန်နဲ့အဓိပ္ပါယ်ဘေးမှာ ကိုယ့်ဂစ်တာဟာ ကိုင်းဖြတ်ခံရတဲ့သစ်ပင်ပျိုလို တိတ်ဆိတ်စွာ သံစဉ်ဝေနေဆဲပဲ
အစွဲမကင်းရင် ငရဲမကင်းဘူးဆိုတာ ဖြစ်နိုင်လေရဲ့၊ ဆဲခြင်းမျိုးစုံကို စေတနာသွပ်ပြီး ကိုယ် နေထိုင်ဖြစ်ခဲ့တယ်-ဘောပဲ။   ။

သုအိုင်စံ
၀၈-၀၄-၁၃

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ