((( လူနှင့်သူဖွာရှိက်နေတဲ့သူ့ဘ၀ )))

((( လူနှင့်သူဖွာရှိက်နေတဲ့သူ့ဘ၀ )))

မီးမညှိပဲနဲ့တောင်
အလိုလိုစွဲ လောင်ခဲ့သေးတာပဲ
မဖွာရှိက်လည်း ပြာဟာကြွေမြဲ
စိတ်ပါရင် မီးဟာရဲလို့
စိတ်နာရင် မီးခိုးထွက်ရုံလေး
ဆေးလိပ်သောက်ခြင်းရဲ့ ဒဏ်ဒုက္ခ
ဖြတ်ချင်တိုင်းလည်း ဖြတ်မရ
မပြတ်ချင်လည်းပဲ ပြတ်သွားတတ်တယ်

တငွေ့ငွေ့နေ့ရက်များ
တရွေ့ရွေ့ ရှေ့ဆက်သွား

အစီခံအရောက်မှာ
ကြောက်ရွံ့စွာ တောင်းပန်လို့မရ
ရဲရင့်စွာ တော်လှန်လို့မရ
ဆေးလိပ်ပြတ်ပြီ

ပြာပုံထဲမှာ ဘာမှမရှိ
အစီခံထဲမှာ သမိုင်းရှိတယ်

အစီခံဆိုတာ
လွင့်ပစ်အပ်တဲ့ အရာပဲ။ ။

သုအိုင်စံ
၁၉၉၈

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ