((( နောက်တန်းပြန်ချိန် )))

((( နောက်တန်းပြန်ချိန် )))

လွှတ်တော်ထဲက
နိုင်ငံရေးသမားတွေ ထွက်လာကြတယ်
အရပ်ဝတ်အရပ်စားတွေနဲ့
သူများနိုင်ငံတွေမှာလေ။

လွှတ်တော်ထဲက
နိုင်ငံရေးသမားတွေ ထွက်လာကြတယ်
စစ်ယူနီဖောင်းတွေနဲ့
မြန်မာနိုင်ငံမှာလေ။

စစ်သားက
နိုင်ငံရေးသမား လုပ်နေပြန်တယ်
တခါတရံ ဒေါသထွက်တဲ့အခါ
သေနတ်နဲ့ ပစ်တော့တာပဲ
ပစ်သူဟာ အစိုးရ ဆိုရင်
သေသူဟာ ပြည်သူပေါ့
သေခဲ့တယ် သေနေတယ် သေရဦးမလား။

ဘားတိုက်ဟာ ဘားတိုက်ပဲ
ဘားတိုက်ထဲ လွှတ်တော်တည်လို့ မရဘူး
လွှတ်တော်ဟာ လွှတ်တော်ပဲ
လွှတ်တော်ထဲ စစ်သား ဝင်လို့မရဘူး

လွှတ်တော်ထဲက အစိမ်း အစိတ်သားရေ...
ပြန်ပေတော့
ကျည်ဆံတွေက ဆန်တွေလို ထမင်းချက်လို့ မရပြန်ဘူး
ဒီမှာ လူဆန်သော လူတွေက
ဆန်တွေကို အလှူရာဝင်ဒယ်အိုးနဲ့ ထမင်းချက်ကြမယ်
စစ်ဟန်းကောတွေ သုံးမရတော့လို့
မင်းတို့ ဖာသာ
စစ်သားတစ်သိုက် နေရီမှာ ချည်တိုင်ပြန်သလို
သင့်ဘားတိုက်တွေဆီကိုသာ
ကိုယ်တိုင် စစ်ရူး ပြန်ရူးကြတော့ကွာ။ ။

သုအိုင်စံ
၂၀-၁၁-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ