( စာမလာ/ သတင်းမကြား )))
( စာမလာ/ သတင်းမကြား )))
ဖုန်းက အားကုန် သွားတာလား
လူက အားကုန် သွားတာလား
အွန်လိုင်းပေါ်က သူ ပျောက်သွား တဦးဦးဟာ စာမလာ/ သတင်းမကြား
တနေ့နေ့မှာ
သတိရနေသူများဟာ
သတိမရအားတော့ပါ
နောက်ထပ်-
စာမလာ သတင်းမကြား-များစွာ
အပြုလုပ်ခံရတဲ့
ဘဝတခုရဲ့
သမိုင်းစာအုပ်အမည်ဟာ
(စာမလာ သတင်းမကြား)-ပဲ- ဖြစ်နေလား ။ ။
သုအိုင်စံ
၂၁-၀၉-၂၀၁၇
-
( လှသန်းလို၊ လင်းမိုးစွေလို၊ အောင်ဘညိုလို၊
ထင်အောင်လို... ကဗျာဆရာမဟုတ်တဲ့ သူလိုကိုယ်လိုများ-လို၊
အွန်လိုင်းပေါ်မှ ပျောက်သွားသူများ---သို့)

Comments
Post a Comment