((( ဆန်စက်များ )))

((( ဆန်စက်များ )))

စားစရာလုံးဝမရှိပဲ
ငတ်မွဲဆာလောင်နေတဲ့လူအုပ်ကြီးဟာ
အန်ဖတ်တွေကို ဘဝသွေးနဲ့ဆေးစားနေကြ

ဘယ်သူ့ အန်ဖတ်မှာမှ
စေတနာမပါတတ်ဘူးဆိုတာ
အငြင်းပွားနေစရာ လိုသေးလားဗျာ

စပါးတွေဟာ
အန်ဖတ်မဖြစ်ခင်တုန်းက
လူအုပ်ကြီးရဲ့ ပါးစပ်ပေါက်တွေနဲ့
ကိုက် ကိုက်ပြီး အခွံချွတ် သန့်စင်ခဲ့ရ
မျိုချရင် သေဒဏ်ဆိုတဲ့ ဥပဒေရိပ်အောက်မှ
ဆန်ကြိတ်စက်တွေ ထမင်းငတ်နေတာ
မြန်မာလယ်သမားတစ်ယောက်ရဲ့ကင်ဆာပေါ့
စစ်အမိန့်အောက်က ဆရာဝန်တွေ လက်လျှော့ထားတယ်။ ။

သုအိုင်စံ
၁၁-၀၉-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ