((( ကျောင်းထွက်သွားတဲ့ကောင် )))

((( ကျောင်းထွက်သွားတဲ့ကောင် )))

ရော့.....
စနစ်တကျမတွေးခေါ်ပဲနဲ့
ပစ်စလက်ခတ် ရေးထားတဲ့
ပါးရေတွန့်ပြဌာန်းဝါကျကြီး
တူအောင်ရေး၊ တူအောင်ဖတ်
ဒါ...လူဖြစ်ရေးဘာသာရပ်ပဲ။

တူနေပြီလား
မှားတယ်။

ကွဲခြားနေလား
အမှန်တရားပေါ့။

ခင်ဗျားက
ဝါကျသစ်ရေးချင်လို့လား
ဦးနှောက်ကိုယူ
လူမဲ့ဇုံကိုသွား
မူလီချောင်နေတဲ့ မူ နဲ့
မူလီချောင်နေတဲ့ လူ တွေကို ခေါ်မသွားနဲ့
ဟေ့..
ဟေ့လူ...နေဦး
စိတ်ဓါတ်ကို ရေဆေးသွားဦးလေဗျာ။ ။

သုအိုင်စံ
၂၀၀၃

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ