((( ဂျစ်ပစီတသက် )))

((( ဂျစ်ပစီတသက် )))

ဖြစ်တည်မှုမှန်ထဲ ကြည့်လိုက်တာ
ငါ့မိသားစုဝင်တဦးကိုတွေ့ပါတယ်
ဘဝက ဒီအရွေ့ဒီအလျင်လောက်ပဲ
နှစ်ယောက်လည်း ပူးတွဲ မရှင်သန်
အပြင်မှာလည်း ဒီခြေလှမ်းတစုံသာ
ရင်အုံထဲမှာလည်း ဒီနှလုံးသားတခု
မိဘတွေ ရုပ်လုံးဖော်တဲ့ ဒီပန်းပုမှာ
ငါ့ကိုယ်ငါ စွယ်စုံကျမ်းကြီး တအုပ်လို
မှော်သွင်း မိုရ်လုပ်ထားတဲ့ အနုပညာ
ဒီကမ္ဘာမှာ နှစ်ပုဒ်ဆင်တူတာ မရှိပြန်
ကဗျာမှောင်တွေရေးတဲ့ သုအိုင်စံ--သည်
ရွေးချယ်ထားတဲ့ ဂျစ်ပစီတောင်ပံ ၂ ဖက်နဲ့
ကောင်းကင်ကို စောက်ခွက် ဖြတ်ရိုက်ခဲ့ရာ
ကောင်းကင်ကျေအက် သူသေခဲ့တယ်။ ။

သုအိုင်စံ
၂၅-၀၄-၂၀၁၆

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ