((( ဗြိတ္တာဂူသားများ )))
((( ဗြိတ္တာဂူသားများ )))
ဗုဒ္ဓက သန့်စင်ပြီးသားအာလူး ၁ အိပ်နဲ့ ကျမ်းစာ ၁ အုပ် ကို
ကျောက်လှိုဏ်ဂူအလယ်ခေါင် မီးဖိုဘေးမှာ ထားပြီး ပြန်ထွက်သွားတယ်ဗုဒ္ဓက သန့်စင်ပြီးသားအာလူး ၁ အိပ်နဲ့ ကျမ်းစာ ၁ အုပ် ကို
အလာဂ်က လည်လှီးပြီးသားဆိတ် ၁ ကောင်နဲ့ ကျမ်းစာ ၁ အုပ် ကို
ကျောက်လှိုဏ်ဂူအလယ်ခေါင် မီးဖိုဘေးမှာ ထားပြီး ပြန်ထွက်သွားတယ်
ဂျေးဆက်က (ဆား၊ ကြက်သွန်၊ မဆလာ) ၁ အိပ်နဲ့ ကျမ်းစာ ၁ အုပ် ကို
ကျောက်လှိုဏ်ဂူအလယ်ခေါင် မီးဖိုဘေးမှာ ထားပြီး ပြန်ထွက်သွားတယ်
ဟိန္ဒူနတ်မင်းကြီးက (ဆန်၊ ဆီ၊နွားနို့) ၁ အိပ်နဲ့ ကျမ်းစာ ၁ အုပ် ကို
ကျောက်လှိုဏ်ဂူအလယ်ခေါင် မီးဖိုဘေးမှာ ထားပြီး ပြန်ထွက်သွားတယ်သန့်စင်ပြီးသားအာလူး ၁ အိပ်ကို ထက်ဝက်ခြမ်းပြီး အိုးထဲကို ပစ်ထည့်တယ်
လည်လှီးပြီးသားဆိတ် ၁ ကောင်ကို ခုတ်ထစ်ပိုင်းပြီး အိုးထဲကို ပစ်ထည့်တယ်
(ဆား၊ ကြက်သွန်၊ မဆလာ) ၁ အိပ်ကို အခွံနွှာစိပ်ပြီး အိုးထဲကို ပစ်ထည့်တယ်
(ဆန်၊ ဆီ၊နွားနို့) ၁ အိပ်ကို ဖော်မြူလာ အချိုးကျရောပြီး အိုးထဲကို ပစ်ထည့်တယ်
ဟင်းချက်ထားတုန်းမှာပဲ ဂူသားဟာ ကျမ်းစာအုပ်တွေကို ကောက်ကိုင်ဖတ်တယ်
ဂူသားဟာ ဘာသာတရားကို ပတ်သက်ရာကျမ်းစာအုပ်မီးရှို့သလို
ဘုရားများရဲ့ မေတ္တာတွေကိုတော့ (အာလူး+ဆိတ်+နွားနို့+ထမင်း) လို ချက်စားပစ်ခဲ့သူ
လှိုဏ်ဂူ ၁ ဂူ၊ ပါးစပ် ၁ ပေါက်၊ ဟင်း ၁ အိုး၊ အစာ ၁ နပ်၊ ဂူသား ၁ နွယ်၊ လေထု ၁ ခု၊
ငါ့ဘုရားက သင့်ဘုရားကို ရန်မပြု၊၊ ငါတို့ဘုရားက သင်တို့ဘုရားကို ရန်မမူ၊ ဒီ လူဂူမှာ၊
လက်ပ်တော့တွေ အိုင်းဖုန်းတွေ အိုင်ပက်တွေ အိုင်တီတွေ အွန်လိုင်းယဉ်ကျေးမှုတွေနဲ့။ ။
Comments
Post a Comment