((( စစ်ထွက်ကုန် ၇ မျိုး )))

((( စစ်ထွက်ကုန် ၇ မျိုး )))

တခါလာလည်း
လူမရှိတော့တဲ့ အိမ်တွေရယ်
အိမ်မရှိတော့တဲ့ လူတွေရယ်
တခါလာလည်း
သားမရှိတော့တဲ့ အမေရယ်
လင်မရှိတော့တဲ့ မယားရယ်
တခါလာလည်း
သူ မလုပ်သလို နေလိုက်တဲ့ သူပုန်ရယ်
သူ မလုပ်သလို နေလိုက်တဲ့ အစိုးရရယ်
တခါလာလည်း
ဟိုပြေး ဒီလွှား ဒုက္ခသည်တန်းလျှားကြီးရယ်

ခေတ်အဆက်ဆက် ဆွေစဉ်မျိုးဆက်များ
သေနတ်ကို ဘုရားလို ကိုးကွယ်
မြန်မာပြည်ထဲ ရွာလည်သွား တိုင်ပတ်မှားနေရဲ့
စစ်ထွက်ကုန် ၇ ခုနဲ့
စစ်ရဲ့ပန်းပု ၇ ရက်သားသမီးများတွေ။ ။

သုအိုင်စံ
၁၈-၀၂-၂၀၁၅

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ