((( အဝေးဆုံး ပြေးသွားတဲ့ အတွေးများရဲ့ ခြေသံစဉ် )))
((( အဝေးဆုံး ပြေးသွားတဲ့ အတွေးများရဲ့ ခြေသံစဉ် )))
ဝိဇ္ဖာတန်ခိုးရဲ့ ပြတင်းက
အလင်းရိပ်စွယ်ဟာ
မိစ္ဆာအဆိုးရဲ့ ရင်တွင်းကို
ဖိတ်စင်ကာ ပိုလျှံကျနေရဲ့
မိစ္ဆာအဆိုးက
အဲဒါကိုမှ မလိုအပ်တာ
ရုပ်သိမ်းပေးပါ ဘုရားသခင်
သူများအလင်းနဲ့ ကိုယ်မမြင်ချင်ဘူး
ဝိဇ္ဖာတန်ခိုးရဲ့ ပြတင်းက
အလင်းရိပ်စွယ်ဟာ
မိစ္ဆာအဆိုးရဲ့ ရင်တွင်းကို
ဖိတ်စင်ကာ ပိုလျှံကျနေရဲ့
မိစ္ဆာအဆိုးက
အဲဒါကိုမှ မလိုအပ်တာ
ရုပ်သိမ်းပေးပါ ဘုရားသခင်
သူများအလင်းနဲ့ ကိုယ်မမြင်ချင်ဘူး
အနိစ္စလမ်းစဉ်ရဲ့ ဂီတက
သံစဉ်လှိုင်းသွယ်စဟာ
အစဉ်ထာဝရရဲ့ တံတိုင်းကို
ထက်ပိုင်းကျိုးကာ လာထိမှန်နေ
အစဉ်ထာဝရက
အဲဒါကိုမှ မလိုအပ်တာ
ရုပ်သိမ်းပေးပါ ဘုရားသခင်
သူများသံစဉ်နဲ့ ကိုယ်မကြားချင်ဘူး
ဟာနေကွက်အား တွေ့ထားလို့ နေပေမဲ့လည်း
ဘာတွေနဲ့များ ဖြည့်သွားဖို့ အဖြေတွေမဲ့ဆဲ
သောက်ရှက်နည်းတဲ့ ကိုယ်တော်ဥာဏ်မွဲ
ခွင့်ပြုလိုက်တော့
ဖန်ဆင်းရှင် တန်ခိုးတော်မဟာမြတ်ရေ
ခွင့်ပြုကာ စောင့်ကြည့်လိုက်ပေတော့ ....
သူ၏ ခြံစည်းရိုးတို့ကမှ မခိုင်မာတာ
သတ်မှတ်ချက်တို့အား ရိုက်ချိုးကြပါစို့
သူ၏ နံရံအဝန်းဝိုင်းတို့ကမှ မလုံခြုံတာ
ဥပဒေသတို့အား အကုန်ဖျက်ကြပါစို့
သူ၏ သစ္စာတို့ကမှ မစောင့်ထိန်းတာ
ကတိကဝတ်တို့အား ချိုးဖောက်ကြပါစို့
အဲဒီမှာ သက်ဆိုင်ရာတွေ
ပတ်သက်ရာများ မှီရာတည်ရာတို့နှင့်
အကံကံ၊ အကြောင်းကြောင်း၊
အခုခုတို့၏ လွပ်လပ်ခြင်းဟာ
ကားတွေမှာလည်း ဘရိတ်တုံးတွေမရှိ၊
သွားလေရာလည်း ဂိတ်ဆုံးမြေမရှိ၊
ထူးခတ်ထားတဲ့ ဘောင်စည်းရိုးမရှိ၊
ပူးသတ်ထားတဲ့ ထောင်နည်းဆိုးမရှိ၊
အသေခံစရာလည်း အချုပ်ခန်းမရှိ၊
အစေခံစရာလည်း လုပ်ငန်းမရှိ၊
တားဆီးမဲ့ လမ်းပြပုလိပ်လည်းမရှိ၊
တရားနည်းရဲ့ ကျမ်းမြတ်အရိပ်လည်းမရှိ၊
လွပ်လပ်မှုအရိုင်းစံအပြည့်အဝပဲ၊
လွပ်လပ်မှုအတိုင်းအမှန်အတိအကျပဲ ၊
အရိုးခံ ဘဝပုံရိပ်လွှာရဲ့ ဟင်းလင်းပြင်ကျယ်က၊
အဖိုးတန် အလှဂုဏ်သိက္ခာနဲ့ အခင်းအကျင်းအဆင်ကြွယ်ဝ၊
ဟင်းလင်းပြင်ကျယ်အား ပြည်သူပိုင်သိမ်း၍
အချင်းချင်းအမြင်ဖလှယ်သွား ညီတူကိုင်ထိမ်းရွေ့
ငြိမ်းချမ်းရေးရှေ့ချီမဲ့ လမ်းမှန်ပြယုတ်အား တီထွင်အသုံးချ
စိမ်းလန်းရေးနေ့ဆီ ဆက်လှမ်းရန် ဇတ်ထုတ်အား အပီပြင်ဆုံးက
တရား အစဉ် တကယ်မျှ သော
လွပ်လပ်ခြင်းထံ အာဏာပေးဆက်ကာသွား
ဘုရားသခင် မကယ်တတ်သော
မွတ်ငတ်ခြင်းဒဏ် ဘာသာရေးအက်ရာအား
လူသားထု အကြောင်းတရားတွေရဲ့
ကျင့်စဉ်များနဲ့ ပြင်ဆင်ကာ အမှန်ပြု အားစိုက်ယူလို့
အတူအားစု ပေါင်းထားလေတဲ့
အသစ်အင်အားနဲ့ ရင်ပြင်မှာ အလံတစ်ခုအား စိုက်ထူစို့
ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည်ကိုးကွယ်ကိုင်းရှိုင်းသွားရန်
ထုံထိုင်းညံ့ဖျင်းသော ဘုရားသခင်ကို တော်လှန်ခဲ့ဟေ့
ရွှေ့ခဲ့ ရွေ့ခဲ့ နေ့ရက်သစ်တို့နဲ့ လူသမိုင်း အသစ်စက်စက်ဆီ
တက်ညီ လက်ညီပဲ မဟုတ်လား ပုဂ္ဂလိကဘုရားတို့
ငါတို့ဟာ လွပ်လပ်နေတယ်။ ။
သုနိုင်ငံ
၀၈-၀၇-၂၀၁၄
သံစဉ်လှိုင်းသွယ်စဟာ
အစဉ်ထာဝရရဲ့ တံတိုင်းကို
ထက်ပိုင်းကျိုးကာ လာထိမှန်နေ
အစဉ်ထာဝရက
အဲဒါကိုမှ မလိုအပ်တာ
ရုပ်သိမ်းပေးပါ ဘုရားသခင်
သူများသံစဉ်နဲ့ ကိုယ်မကြားချင်ဘူး
ဟာနေကွက်အား တွေ့ထားလို့ နေပေမဲ့လည်း
ဘာတွေနဲ့များ ဖြည့်သွားဖို့ အဖြေတွေမဲ့ဆဲ
သောက်ရှက်နည်းတဲ့ ကိုယ်တော်ဥာဏ်မွဲ
ခွင့်ပြုလိုက်တော့
ဖန်ဆင်းရှင် တန်ခိုးတော်မဟာမြတ်ရေ
ခွင့်ပြုကာ စောင့်ကြည့်လိုက်ပေတော့ ....
သူ၏ ခြံစည်းရိုးတို့ကမှ မခိုင်မာတာ
သတ်မှတ်ချက်တို့အား ရိုက်ချိုးကြပါစို့
သူ၏ နံရံအဝန်းဝိုင်းတို့ကမှ မလုံခြုံတာ
ဥပဒေသတို့အား အကုန်ဖျက်ကြပါစို့
သူ၏ သစ္စာတို့ကမှ မစောင့်ထိန်းတာ
ကတိကဝတ်တို့အား ချိုးဖောက်ကြပါစို့
အဲဒီမှာ သက်ဆိုင်ရာတွေ
ပတ်သက်ရာများ မှီရာတည်ရာတို့နှင့်
အကံကံ၊ အကြောင်းကြောင်း၊
အခုခုတို့၏ လွပ်လပ်ခြင်းဟာ
ကားတွေမှာလည်း ဘရိတ်တုံးတွေမရှိ၊
သွားလေရာလည်း ဂိတ်ဆုံးမြေမရှိ၊
ထူးခတ်ထားတဲ့ ဘောင်စည်းရိုးမရှိ၊
ပူးသတ်ထားတဲ့ ထောင်နည်းဆိုးမရှိ၊
အသေခံစရာလည်း အချုပ်ခန်းမရှိ၊
အစေခံစရာလည်း လုပ်ငန်းမရှိ၊
တားဆီးမဲ့ လမ်းပြပုလိပ်လည်းမရှိ၊
တရားနည်းရဲ့ ကျမ်းမြတ်အရိပ်လည်းမရှိ၊
လွပ်လပ်မှုအရိုင်းစံအပြည့်အဝပဲ၊
လွပ်လပ်မှုအတိုင်းအမှန်အတိအကျပဲ
အရိုးခံ ဘဝပုံရိပ်လွှာရဲ့ ဟင်းလင်းပြင်ကျယ်က၊
အဖိုးတန် အလှဂုဏ်သိက္ခာနဲ့ အခင်းအကျင်းအဆင်ကြွယ်ဝ၊
ဟင်းလင်းပြင်ကျယ်အား ပြည်သူပိုင်သိမ်း၍
အချင်းချင်းအမြင်ဖလှယ်သွား ညီတူကိုင်ထိမ်းရွေ့
ငြိမ်းချမ်းရေးရှေ့ချီမဲ့ လမ်းမှန်ပြယုတ်အား တီထွင်အသုံးချ
စိမ်းလန်းရေးနေ့ဆီ ဆက်လှမ်းရန် ဇတ်ထုတ်အား အပီပြင်ဆုံးက
တရား အစဉ် တကယ်မျှ သော
လွပ်လပ်ခြင်းထံ အာဏာပေးဆက်ကာသွား
ဘုရားသခင် မကယ်တတ်သော
မွတ်ငတ်ခြင်းဒဏ် ဘာသာရေးအက်ရာအား
လူသားထု အကြောင်းတရားတွေရဲ့
ကျင့်စဉ်များနဲ့ ပြင်ဆင်ကာ အမှန်ပြု အားစိုက်ယူလို့
အတူအားစု ပေါင်းထားလေတဲ့
အသစ်အင်အားနဲ့ ရင်ပြင်မှာ အလံတစ်ခုအား စိုက်ထူစို့
ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည်ကိုးကွယ်ကိုင်းရှိုင်းသွ
ထုံထိုင်းညံ့ဖျင်းသော ဘုရားသခင်ကို တော်လှန်ခဲ့ဟေ့
ရွှေ့ခဲ့ ရွေ့ခဲ့ နေ့ရက်သစ်တို့နဲ့ လူသမိုင်း အသစ်စက်စက်ဆီ
တက်ညီ လက်ညီပဲ မဟုတ်လား ပုဂ္ဂလိကဘုရားတို့
ငါတို့ဟာ လွပ်လပ်နေတယ်။ ။
သုနိုင်ငံ
၀၈-၀၇-၂၀၁၄
Comments
Post a Comment