((( ဘာသာပြန်ခြင်းအနုပညာ )))

((( ဘာသာပြန်ခြင်းအနုပညာ )))
( ကကြီး၊ ခခွေး၊ ဂငယ်၊ ငါ့ ) = ( အေ၊ ဘီ၊ စီ၊ ဒီ )
နီးစပ်ပါသည်၊ လက်ခံနိုင်လောက်မည်၊
( တစ် နှစ် သုံး လေး ) = ( ဝမ်း တူး သရီး ဖိုး )
အချိုးညီတိကျမှုနဲ့ တည့်တည် တိုးမည်၊
( သုံည၊ ဝလုံး ) = ( ဇီးရိုး၊ အို )
ဒီလိုလည်း မှန်မည်၊ ဟိုလိုလည်း မှန်မည်၊
( အ အာ အု အီ အေ ) = ( အေ အီး အိုင် အိုင် ယူ )
အကူအထောက်တွေသည်၊ တူလောက်ပေမည်၊
ဟုတ်ပါတာပေါ့
မြန်မာ ဂဏန်း ၁၀ လုံးနဲ့၊ အင်္ဂလိပ်ဂဏန်း ၁၀ လုံးဟာ
အချိုးညီစွာနဲ့ တန်ဖိုးတူနေတာပေါ့
ဒါပေပေမဲ့ကွာ
မြန်မာ အက္ခရာ ၃၃ လုံးနဲ့၊ အင်္ဂလိပ် အက္ခရာ ၂၆ လုံးဟာ
အချိုးညီ၊ တန်ဖိုးတူနေတာမှ မဟုတ်ပဲ
အဲဒါကိုပဲ
အချိုးညီစွာ၊ တန်ဖိုးတူအောင် ရိုက်ပုတ်သွန်းလုပ်ပေးရတဲ့အရာ
ဘာသာခြင်းအနုပညာဆိုတာ
သူ့နည်း သူ့ဟန်ကို
ကိုယ့်ကီး ကိုယ့်အသံနဲ့ သီဆိုရတဲ့ ဆက်သွယ်ရေးသီချင်းပါလား
ဟိုဘက်ကမ်းကလည်း နားဆင်လို့ကောင်းစေရဲ့
ဒီဘက်ကမ်းကလည်း နားဆင်လို့ကောင်းစေရဲ့
တံတားပေါ်ကလည်း နားဆင်လို့ကောင်းစေရဲ့
အရာရာ အဖက်ဖက်က ကဗျာအသက်ဓါတ်ဝင်စေရတဲ့ဂီတမို့
ပီပီသသ မဆွံ့အ ဖိုတော့ လိုမယ်။   ။
သုအိုင်စံ
၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ