((( လက်နက်တိုက်ထဲကကျည်ဆံတွေ )))

((( လက်နက်တိုက်ထဲကကျည်ဆံတွေ )))

စ ဝင်ဝင်ချင်းမှာ အသက်ကိုလျှော့ကာ
စာရင်းပေးပြီး စစ်တပ်ထဲဝင်လာတာ
အရွယ်မရောက် ကလေးစစ်သားပါ
ဒီအတွက် လစာ ပိုရမယ် ထင်လားဗျာ

အသက်က အတော်လေး ပိုနေပြီ အိုဆွေး
တပ်ကထွက်ကာ ပင်စငကို သူ- မယူသေး
အရွယ်အိုမင်းလွန်တဲ့ လူကြီး စစ်သားဟာ
ဒီအတွက် လစာ ပိုရမယ် ထင်လားဗျာ

သေနတ်တစ်လက်ရဲ့ အမှန်အကန် ခံယူထားမှုနဲ့
တိုင်းပြု ပြည်ပြုတဲ့  ခံယူကြိုးပမ်းကြိုးစားချက်ဟာ
မိခင်ရဲ့ ရင်ခွင်ကို ထိမှန်ပြီး
ဖခင်ရဲ့ နှဖူးကို ဖောက်ခွင်းထွက် မသွားခဲ့ဖူးရင်
အရွယ်မရောက် ကလေးစစ်သားရော
အရွယ်အိုမင်းလွန် လူကြီးစစ်သားပါ
လစာ တကယ် ပိုရသင့်ပါရဲ့... ဒါပေမဲ့
သေနတ်ဟာ ရန်သူ့ကိုပဲ မှန်အောင် ပစ်သင့်ပါတယ်

သေနတ်တစ်လက်ရဲ့ အမှန်အကန် ခံယူထားမှုနဲ့
တိုင်းပြု ပြည်ပြုတဲ့  ခံယူကြိုးပမ်းကြိုးစားချက်ဟာ
မိခင်ရဲ့ ရင်ခွင်ကို ထိမှန်ပြီး
ဖခင်ရဲ့ နှဖူးကို ဖောက်ခွင်းထွက် သွားခဲ့ဖူးရင်
အရွယ်မရောက် ကလေးစစ်သားရော
အရွယ်အိုလွန် လူကြီးစစ်သားပါ
လစာတော့ တကယ် ပိုရသင့်ပါရဲ့... ဒါပေမဲ့
သေနတ်ဟာ ကိုယ့်နားထင် ကိုယ် ပြန်ပစ်သင့်ပါတယ်

မနှစ်သက်ထိုက်တဲ့ ရမ်းသုံးစစ်သုံး လူသိက္ခာဟာ
အရှက်မဲ့ပြီး အမုန်းပိုက် ထပ်လဲသေခဲ့
စစ်ထွက်တိုက်တဲ့ စခန်းကုန်းအမြင့်ဆုံး ဂူထိပ်မှာပဲ
လက်နက်ကြီး အလုံးလိုက် ကျကွဲကျေခဲ့
လူတစ်ယောက်၏ တန်ဖိုးဟာ ငြင်းလည်း ရနေသည့်
သူလျှောက်သည့် ကန်ရိုးမှာ ပုလင်းခွဲစတွေအတိ
အိမ်ပြန်ပြေးလို့ ကျိန်ဒဏ်ပေးတဲ့အမိန့်တွေနဲ့
တပ်ထဲထပ်နေစဉ် သတ်ပဲသတ်သေချင်တဲ့စိတ်သေနဲ့
ဘဝဂိတ် မြေဆိုးကိုပဲ
ထပ်၍ ပုလင်း ကျကွဲကြလေ၏ ကလေးစစ်သားများ

အစမှာ ကောက်ကွေ့စွာနဲ့
တူညီအမိန့်ကြောင့်သာ လျှောက်ရွေ့သွားတဲ့ ဝတ္တရား
ဘဝမှာ အရောက်ရွေ့လာခဲ့
လူသည်စိတ်ပျောက်စွာ နောက်နေ့များရဲ့ ဝဋ်တရား
အငြိမ်းစားတဲ့နှစ်မှာ ဘုရားသခင်ဟာ  သေဆေးသင့်သွားစဉ်
သိမ်းထားတဲ့သစ္စာဟာ တရားမဝင်စွာ ငွေကြေးဖြစ် သွားစဉ်
မအေးဆေးတဲ့ အမုန်းများ စ ရိုင်း လေရဲ့
မနွေးထွေးတဲ့ နှလုံးသား ရပ်ဆိုင်း သေခဲ့
ဘဝရိပ် လေတိုးပြိုလဲ
ထပ်၍ ထမင်းငတ် ငရဲ ကျလေ၏ လူကြီးစစ်သားများ

တပ်ထဲမှာ
အရေပြားပေါ် ထပ်ရေးတဲ့ ဆေးရုပ်မှင်ကြောင်ကို
တရားဝင်စွာ ထိုးလို့ မရဘူး..... ခိုးဝှက်ပြီး ထိုးရတယ်
ဘဝထဲမှာ
အဖေမှား ခေါ်ကြသေးတဲ့  သွေးယုတ်သွင်ကောင်လို
အမှားဆင်ကာ ဆိုးလို့ ရတယ်.... အငြိုးထဲ့ပြီး ဆိုးကြတယ်

ကြီးကြီး ငယ်ငယ် ခြေထောက် ပြတ် ပြတ် လက်မောင်း မဲ့ မဲ့
စစ်သားရဲ့ မျက်လုံးရိပ်ဟာ
အမှန်တရားတွေ မှောင်ကာ အသက်ဆက် မိုက်မဲလာကြ
အပြစ်များရဲ့ အမျက်အမုန်းစိတ်ဟာ
ရန်စကားတွေ စောင်ကာ ဆက်လက်တိုက် ဆဲလာကြ
လက်နက်တိုက်ထဲက ကျည်ဆံတွေ
တပ်မတော်ကြီးရဲ့ ကျည်ထောက်ထဲက  ခွေးမြီးကောက်တွေ
ရဲဘော်ငတေတစ်ယောက် ကြွေသတဲ့ သေသတဲ့
ဘယ်စစ်သားမဆို ခံစားချက်နည်း+မျက်ရည်မဲ့ပဲ။   ။

သုအိုင်စံ
၀၇-၀၄-၂၀၁၅

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))