((( အမိုက်စေတန်ရဲ့စရိုက်ပေတံ )))

((( အမိုက်စေတန်ရဲ့စရိုက်ပေတံ )))

ဘုရား အမိန့်တော် စေစားချက်ဟာ ဗလာသက်သက် အယူအဆစစ်
တအား အိပ်ပျော် ဝေဝါးခဲ့တာ ကမ္ဘာအဆက်ဆက် မူလအကျင့်
အမှား အဆိပ်ဖော် ဝေစားလျှက်ပါ ကဗျာရဲ့အသက် လူဘဝမြစ်
အများရဲ့ဖြစ်စဉ်အစု

အယူမှား တွေးဆသွားတဲ့ ဘာသာတရားက နက်နဲလွန်းတယ်    
လူသား ရေးမှတ်ထားတဲ့ ဘာသာစကားက ခက်ခဲလွန်းတယ်            
အထူအပါး ဆေးမပြတ်သားတဲ့ မာယာများက လက်ရဲလွန်းတယ်
အမှားရဲ့ဖြစ်အင်တစ်ခု

သေတဲ့သဘောက ကျိုးပျက်လို့ သေချင်ရင်သေခွင့် ဥပဒေသ အရေးမပါ
နေတဲ့သဘောက မျိုးဆက်လို့ နေချင်ရင်နေခွင့် ဥပဒေက အလေးသာ
အဖြေမဲ့လောက တိုးတက်ဖို့ မဖြေခင်တွင်အဖြေဖြစ် အတုဗေဒ မွေးလာ
တရားတဲ့ကျင့်စဉ်အတု

ဖြစ်ချင်ရာဖြစ် အခက်ဆိုးစိုး ရိုးနွယ်ခုက ပျောက်သွားခဲ့ အပွင့်သည်
လွင့်ချင်ရာလွင့် ဘွဲ့မျိုးဆိုး မျိုးနွယ်စုမှ ပေါက်ဖွားမဲ့ ဂျစ်ပစီ
ကျင့်ချင်ရာကျင့် လက်ညိုးထိုး ကိုးကွယ်မှုဇတ် မကြောက်တရားနဲ့ဖြစ်တည်
ဘုရားမဲ့ယဇ်ပလ္လင်ပန်းပု

လူ့အဖြေလွှာစာရွက်တွင် လုဖြေကာစာနဲ့ဆင်လို့ လူ့ဗွေရာကဗျာဖွဲ့စဉ်
အရာရာမှား ဘာသာများ မဟားဒရားမှား ဘုရားများ
အန္ဓလမ်းမှား အဓမ္မယန္တယားများ။   ။

သုအိုင်စံ
၂၇.၀၇.၂၀၁၂

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ